266

နောင်ချို နှင့် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူရှိရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်မှုပြုလုပ်

သတင်း / နိုင်ငံရေး
06 June 2024

နောင်ချို နှင့် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူရှိရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်မှုပြုလုပ်

နမ့်ဆန်၊ ဇွန်လ ၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ နောင်ချိုမြို့နယ်နှင့် တပ်မဟာ(၃)စစ်ဒေသ၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူရှိရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဥ်ရက်ဆက် ပစ်ခတ်ခဲ့သည်။

ယမန်နေ့ ဇွန်လ(၅)ရက်နေ့၊ နံနက်(၈)အချိန်တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပန်ဗွေကျေးရွာမှ နေ၍ သုံးဆယ်ကျေးရွာသို့ လက်နက်ကြီး(၄)ကြိမ် ထပ်မံပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ရသည်။

အလားတူ ဇွန်လ(၄)ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှ အုမ္မတီးလမ်းခွဲမှ နေ၍ အရပ်သားပြည်သူရှိရာ သုံးဆယ်ကျေးရွာသို့ လက်နက်ကြီး (၄)ကြိမ် ပစ်ခတ်ခဲ့သည်။

ထို့အပြင် ယမန်နေ့ ညနေ (၄)နာရီအချိန်တွင် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းမှနေ၍ အရပ်သားပြည်သူရှိရာ မန်ဖွယ်ကျေးရွာသို့ လက်နက်ကြီး(၂)ကြိမ် ထပ်မံပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဥ်ရက်ဆက် ပစ်ခတ်မှုကြောင့် ကျေးရွာနေ ဒေသခံပြည်သူများအနေဖြင့် ကြောက်လန့်နေရသဖြင့် အချို့ဒေသခံများလည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

တအာင်းတပ်မတော် TNLA တည်ရှိရာ မိုးမိတ်၊ မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်မှ ဇွန်လ(၁)ရက်နေ့မှ ယနေ့ထိ လက်နက်ကြီးဖြင့် စုစုပေါင်း (၂၀)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချို နှင့် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူရှိရာ ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်မှုပြုလုပ်
Tags: တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်