183

ကွတ်ခိုင်မြို့ အခြေနေ သိရှိစေရန် PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်မှ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့

သတင်း / နိုင်ငံရေး
05 May 2024

ကွတ်ခိုင်မြို့ အခြေနေ သိရှိစေရန် PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်မှ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့


ကွတ်ခိုင်၊ မေလ ၅ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၅) စစ်ဒေသ၊ သံလွင်ခရိုင်၊ကွတ်ခိုင်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီးချုပ် တားဟိူဝ်ပ္လါင်မှ ကွတ်ခိုင်ပြည်သူလူထုများနှင့် ယမန်နေ့ မတ်လ ၄ ရက်နေ့တွင် တွေ့ဆုံပွဲပြုလုပ် ခဲ့သည်။




တွေ့ဆုံပွဲကို နံနက် (၉) နာရီတွင်စတင်ခဲ့ပြီး တားဟိူ၀်ပ္လါင်က "စစ်အာဏာရှင်ရဲ့ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ပြီးဖြစ်ကြောင်း၊ မြို့ (၇)မြို့သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ ရဲဘော်များရဲ့ အသက်သွေးချွေးရင်းနဲ့ ရင်းထားတဲ့အတွက် တန်းဖိုးထားထိန်းသိမ်းသွားရမယ်" ဟုအဖွင့်အမှာစကားပြောကြားခဲ့သည်။





"ကွတ်ခိုင်မြို့သိမ်းပိုက်နိုင်ခဲ့တာဟာ ပြည်သူလူထုရဲ့ အကူအညီနဲ့ စည်းစည်းစည်းလုံးလုံးပါဝင်ခြင်းကြောင်းလည်း အရေးပါခဲ့တယ်။ ကွတ်ခိုင်မြို့မှာ မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ ပြည်သူလူထုတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့ကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်" ဟု ၎င်းက ဆက်ပြောသည်။






ထိုတွေ့ဆုံပွဲတွင် တားဟိူ၀်ပ္လါင်နှင့်အတူ PSLF/TNLA ဗိုလ်မှူးချုပ်များ၊ အရာရှိအရာခံများ၊ စာပေနှင့်ယဥ်ကျေးမှုအဖွဲ့များ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် ကျေးရွာဥက္ကဋ္ဌများအပါအဝင် ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၃၀၀) ကျော်တက်ရောက်ခဲ့သည်။


တက်ရောက်လာကြသည့် ပြည်သူလူထုများမှ ကွတ်ခိုင်မြို့၏ အုပ်ချူပ်ရေးစနစ်၊ သစ်တောထိန်းသိမ်းရေး၊ စစ်ကောက်ဥပဒေဆိုင်ရာများ၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးရေးနှင့် သိလိုရာများကိုမေးမြန်းခြင်းကို တားဟိူ၀်ပ္လါင်က ပြန်လည်ဖြေကြားခဲ့ပြီး နေ့လည် (၁၂) နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ (၅) စစ်ဒေသ၊ သံလွင်ခရိုင်၊ကွတ်ခိုင်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီးချုပ် တားဟိူဝ်ပ္လါင်မှ ကွတ်ခိုင်ပြည်သူလူထုများနှင့် ယမန်နေ့ မတ်လ ၄ ရက်နေ့တွင် တွေ့ဆုံပွဲပြုလုပ် ခဲ့သည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်