153

PSLF/TNLA ၏ အပတ်စဉ် (၂) နိုင်ငံရေးသိပ္ပံ ကျောင်းဖွင့်ပွဲ အခမ်းအနား ကျင်ပပြုလုပ်

သတင်း / နိုင်ငံရေး
22 April 2024

PSLF/TNLA ၏ အပတ်စဉ် (၂) နိုင်ငံရေးသိပ္ပံ ကျောင်းဖွင့်ပွဲ အခမ်းအနား ကျင်ပပြုလုပ်


နမ့်ဆန်၊ ဧပြီ ၂၂ ရက် 

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် တစ်နေရာတွင် PSLF/TNLA က ဖွင့်လှစ်သည့် နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၂) ကို ယမန်နေ့ ဧပြီလ (၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။





ထိုအခမ်းအနားသို့ PSLF/TNLA ၏ တွဲဖက်အထွေထွေအတွင်းရေးမှုး(၂) ဗိုလ်မှူးကြီးတာပန်လ၊ အုပ်ချုပ်ရေး ဒုဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်နှင့် အရာရှိအရာခံများ၊ သင်တန်းသား (၂၇)ဦးနှင့် ဒေသခံမိဘပြည်သူလူထုများ လူဦးရေ (၂၅၀)ကျော် တက်ရောက်ခဲ့ကြသည်။


ဤသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တွဲဖက်အတွင်းရေးမှုး(၂) ဗိုလ်မှူးကြီးတားပန်လ က တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဤနိုင်ငံရေးသိပ္ပံကျောင်းသည် အုပ်ချုပ်မှုစွမ်းရည်များမြှင့်တင်ပေးခြင်း၊ စီမံခန့်ခွဲနိုင်ခြင်း၊ အဖွဲ့အစည်းလုပ်ငန်းများတွင် စည်းစနစ်တကျလုပ်ဆောင်နိုင်အောင် တကိုယ်စွမ်းရည်များမြှင့်တင်ပေးနေသည့်အတွက် အလွန်အရေးပါကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။





ထိုကျောင်းတက်ရောက်မည့် ကျောင်းသားတစ်ဦးက ဤကျောင်းတက်ရတဲ့ရည်ရွယ်ချက်သည် နိုင်ငံရေးသိပ္ပံကျောင်းတက်ရောက်ပြီး ရရှိလာသည့် အသိပညာ၊ အတတ်ပညာများဖြင့် မိမိတို့ တအာင်းပြည်အတွက် အုပ်တစ်ချပ် သဲတစ်ပွင့်အနေဖြစ် ပါဝင်အားဖြည့်လိုသည့်အတွက် တက်ရောက်ရခြင်းဖြစ်သည်ဟု ဆိုသည်။





ဤကျောင်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍနှင့် PSFL/TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူများ ပိုမိုထွက်လာစေရန်၊ တအာင်းတမျိုးသားလုံးနှင့် PSLF/TNLA အတွက် နိုင်ငံရေးဆိုင်ရာဦးဆောင်နိုင်သူများ၊ လုပ်ငန်းပိုင်းဆိုင်ရာဦးဆောင်နိုင်သူများနှင့် စီးပွားရေးဆိုင်ရာကဏ္ဍတွင်ဦးဆောင်သူများ ထွက်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းအတွင်းတာဝန်ထမ်းဆောင်နေသည့် ရဲဘော်များအား နိုင်ငံရေးဆိုင်ရာအတွေးအခေါ်များ၊ တော်လှန်ရေးဆိုင်ရာအတွေးအခေါ်များ၊ လုပ်ငန်းပိုင်းဆိုင်ရာအတွေးအခေါ်များ မြှင့်တင်ပေးသောအားဖြင့် ထိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် တစ်နေရာတွင် PSLF/TNLA က ဖွင့်လှစ်သည့် နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၂) ကို ယမန်နေ့ ဧပြီလ (၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။
Tags: တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်