95

နမ့်ခမ်းမြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧကပေါင်း ၁ထောင်ကျော် PSLF/TNLA တပ်ဖွဲ့မှ သွားရောက်ဖျက်စီး

သတင်း
13 March 2024

နမ့်ခမ်းမြို့နယ်ရှိ ဘိန်းစိုက်ခင်း ဧကပေါင်း ၁ထောင်ကျော် PSLF/TNLA တပ်ဖွဲ့မှ သွားရောက်ဖျက်စီး


နမ့်ခမ်း၊ မတ်လ ၁၃ ရက်နေ့


တအာင်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ တပ်မဟာ (၁)စစ်ဒေသရှိ  ဘိန်းစိုက်ခင်းများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့က မတ်လ ၄ ရက်နေ့မှစပြီး ယမန်နေ့ ၁၂ ရက်နေ့အထိ သွားရောက်ဖျက်စီးခဲ့သည်။






PSLF/TNLA တပ်ဖွဲ့ သွားရောက်ဖျက်စီးခဲ့သည့် ဘိန်းစိုက်ခင်းများသည် ကျေးရွာပေါင်း ၁၅ ရွာရှိသည်။ ဘိန်းစိုက်ခင်းပေါင်း ၁၁၂၅ ဧကများကို ရက်ပေါင်း ၉ ရက်ကြာ အချိန်ယူဖျက်ဆီးခဲ့ခြင်းဖြစ်သည်။


ထိုကျေးရွာများမှာ တာကွမ့်ကျေးရွာ (၂၈၄ ဧက)၊ ရှောက်ကုန်းကန် (၁၆၄ ဧက)၊ မန်ပန်း(ထက်၊အောက်) (၁၅၇ ဧက)၊ ကန်ဖာဖို (၁၅ ဧက)၊ အထက်ဆတန်း (၃၂ ဧက)၊ အောက်ဆတန်း (၂၇ ဧက)၊ ပန်ဆေး (၁၅၉ ဧက)၊  ဆန်ချယ် (၅၇ ဧက)၊ မန်မောင်း (၁၁၇ ဧက)၊ မန့်မိုင် (၁၄ ဧက)၊ လျောက်ပန်းကုန်း (၁၉ ဧက)၊ ပုံစာတီ (၁၀ ဧက)၊ ၁၂မိုင် (၃၅ ဧက)၊ ပါင်ဝို (၁၀ ဧက)နှင့် မည်ခမ်း (၂၅ ဧက)များ ဖြစ်ကြသည်။


၎င်းဒေသများဟာ ယခင်တွင် စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့သည့် နေရာဒေသဖြစ်သည်။


ထိုနေရာဒေသတွင် PSLF/TNLA တပ်ဖွဲ့က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တစ်ကြိမ် ဘိန်းစိုက်ခင်းများကို သွားရောက်ဖျက်စီးခဲ့သည်။ ဖျက်စီးနေစဥ်အတွင်း ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။





PSLF/TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ယခုနှစ် မတ်လတွင် ဘိန်းစိုက်ခင်း ဖျက်စီးရေးလုပ်ငန်းများကို လုပ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ ကျန်ရှိနေသော ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်စီးရေးလုပ်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။ 


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန


Topics: တအာင်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ တပ်မဟာ (၁)စစ်ဒေသရှိ ဘိန်းစိုက်ခင်းများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့က မတ်လ ၄ ရက်နေ့မှစပြီး ယမန်နေ့ ၁၂ ရက်နေ့အထိ သွားရောက်ဖျက်စီးခဲ့သည်။
Tags: တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်