83

ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်ရေးအောင်ပွဲအခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း တက်ရောက်ချီးမြှင့်

သတင်း / တအာင်းနိုင်ငံရေး
12 February 2024

ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်ရေးအောင်ပွဲအခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း တက်ရောက်ချီးမြှင့်

ဖေဖော်ဝါရီလ ၁၁ ရက်

မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှတမှုပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNTJP/MNDAA ၏ ဦးဆောင်တိုက်ပွဲဝင်မှုနှင့်အတူ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ဒုဥက္ကဌ (၂) ဗိုလ်မှူးချုပ် တားခူလာင်းတို့ တက်ရောက်ချီးမြှင့်ခဲကြသည်။

ထိုအခမ်းအနားအား ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး တရုတ်နှစ်သစ်ကူးပွဲတော်နှင့်အတူ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုအခမ်းအနားတွင် PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက မိန့်ခွန်းတက်ရောက်ပြောကြားခဲ့ပြီး “ကိုးကန့်တော်လှန်ရေးခေါင်းဆောင်တို့ရဲ့ အိမ်ပြန်ခရီးနှင့်အတူ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့လည်း မိမိတို့ တအာင်းလူမျိူးများ၏ နိုင်ငံရေးမျှော်မှန်းမှုရလဒ်ကို အပြည်အဝမဟုတ်သည့်တိုင် အများစုကိုတော့ တအာင်းမိဘပြည်သူရဲ့အိပ်မက်အား အကောင်အထည်ဖော်ပေးနိုင်ခဲပြီ”ဟု မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

ထို့နောက် ကိုးကန့်ဒေသလွတ်မြောက်ရေးတိုက်ပွဲကာလတွင် မိမိတို့ PSLF/TNLA တပ်ဖွဲ့အနေဖြင့် ညီနောင်မဟာမိတ်နှင့် ဝန်းရံတိုက်ပွဲဝင်နိုင်ခြင်းသည် မဟာမိတ်သွေးစည်းညီညွတ်မှုကို သက်သေပြခြင်းဖြစ်ပြီး အမျိုးသားနိုင်ငံရေးပန်းတိုင် ခရီးရောက်ဖို့ရန် မလျှော့သောဇွဲ၊ ပျက်ပျယ်ခြင်းမရှိသည့် ခံယူချက်၊ ယုံကြည်ချက်ဖြင့် မဟာမိတ်အကြား နားလည်မှုရှိရှိ ဆက်လက်တိုက်ပွဲဝင်သွားကြရန် ပြောကြားခဲ့သည်။

ထိုအခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုတိယ ဥက္ကဌ (၂) ဗိုလ်မှူးချုပ် တားခူလန်း၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး တားမိုးဟိန်းနှင့် အရာရှိအရာခံ (၃၀)ကျော် တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်ရေးအောင်ပွဲအခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း တက်ရောက်ချီးမြှင့်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်