76

မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့ရှိ အုပ်ချုပ်ရေးကော်မတီနှင့် မြို့မိမြို့ဖများအား PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များသွားရောက်တွေ့ဆုံအားပေး

သတင်း / နိုင်ငံရေး
06 February 2024

မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့ရှိ အုပ်ချုပ်ရေးကော်မတီနှင့် မြို့မိမြို့ဖများအား PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များသွားရောက်တွေ့ဆုံအားပေး

 

တအာင်းပြည်နယ်၊ ဖေဖော်ဝါရီ ၆ ရက် 

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ PSLF/TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ မန်တုံမြို့များသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်နှင့် NUG ဖက်ဒရယ်ရေးရာ ဒုတိယဝန်ကြီး မိုင်းဝင်းထူးတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 


 


ကွင်းဆင်းစစ်ဆေးကြည့်ရှုစဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မိုင်းငေါ့မြို့၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မိုင်းလုံမြို့နှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန်တုံမြို့ရှိ မြို့အုပ်ချုပ်ရေးကော်မတီတို့နှင့် မြို့အုပ်ချုပ်မှုပုံမှန်လည်ပတ်စေရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆွေးနွေးလမ်းညွန်မှာကြားခဲ့ပါသည်။ ထို့အပြင် ဒေသခံပြည်သူလူထုများလည်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

 



တွေ့ဆုံပွဲတွင် ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်တားဂျုတ်ဂျားမှ “ယခင် PSLA လက်ထပ် လက်နက်အပ်ခဲ့ရသည့်အကြောင်းရင်းအပါအဝင် သိမ်းပိုက်ထားသည့်မြို့များသည် တအာင်းလူမျိုးတစ်မျိုးတည်းသာ နေထိုင်ကြခြင်းမဟုတ်ဘဲ အခြားလူမျိုးများနှင့်အတူနေထိုင်ကြသဖြင့် နေချင်စဖွယ်ကောင်းသည့် မြို့ဖြစ်ပြီး ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်သွားရန်လိုအပ်ကြောင်း “ ပြောကြားခဲ့သည်။ 

 





ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြည်သူလူထုများ၏ ကျန်းမာရေးကုသနိုင်ရေး၊ ရပ်တန့်နေသည့် လူငယ်များ၏ ပညာရေးအား ပြန်လည်သင်ကြားနိုင်ရေးနှင့် လက်ရှိနိုင်ငံရေးအကြောင်းအရာများကို ရှင်းလင်းပေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူလူထုများကလည်း ၎င်းတို့၏လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။ 

 



ထို့နောက် ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးမှ NUG ၏ နိုင်ငံရေးလမ်းပြမြေပုံနှင့် လက်ရှိလုပ်ဆောင်ချက်များအား ရှင်းလင်းပေးခဲ့ကာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်းဇားမှ TPCC အကြောင်းနှင့် ဆောင်ရွက်ပြီးစီးသွားသည့် လုပ်ငန်းများကို ရှင်းလင်းပေးခဲ့ကြသသည်။ 

 



၎င်းနောက် မြို့အုပ်ချုပ်ရေးကော်မတီများ ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် မြို့တွင်း လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။ 

တွေ့ဆုံပွဲသို့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရှမ်း၊ ကချင်၊ လီဆူ စသည့်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စုစုပေါင်း လူဦးရေ(၃၀၀)ကျော် တက်ရောက်ခဲ့ကြသည်။ 

 

#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့ရှိ အုပ်ချုပ်ရေးကော်မတီနှင့် မြို့မိမြို့ဖများအား PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များသွားရောက်တွေ့ဆုံအားပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်