75

သိမ်းပိုက်ထားသည့် မန်တုံ ၁၃၀ စစ်တပ်ကုန်းအား PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး သွားရောက်ကြည့်ရှူ

သတင်း / နိုင်ငံရေး
06 February 2024

သိမ်းပိုက်ထားသည့် မန်တုံ ၁၃၀ စစ်တပ်ကုန်းအား PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး သွားရောက်ကြည့်ရှူ


တအာင်းပြည်နယ်၊ ဖေဖော်ဝါရီလ ၅ ရက်


တအာင်းပြည် မန်တုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၃၀) ခြေလျင်တပ်ရင်းကုန်းအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်တို့ သွားရောက်ကြည့်ရှူခဲ့သည်။




တပ်တွင်းအခြေအနေ၊ ပျက်စီးသွားသည့် အဆောက်အဦးများကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇားတို့နှင့်အတူ သွားရောက်ကြည်ရှူခဲ့ကြသည်။




၎င်းစခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းနိုင်ခဲ့သည်။ မန်တုံမြို့သည် စတုတ္ထမြို့အဖြစ် PSLF/TNLA သိမ်းပိုက်နိုင်ခဲ့သည့် မြို့တစ်မြို့လည်းဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန 

Topics: သိမ်းပိုက်ထားသည့် မန်တုံ ၁၃၀ စစ်တပ်ကုန်းအား PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင် ၂ ဦး သွားရောက်ကြည့်ရှူ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်