တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး၏ ဇန်န၀ါရီလ (၂၅)ရက်နေ့တွင် စကစတပ်မှ တအာင်းတပ်မတော် TNLA ရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်
တအာင်းပြည်နယ်၊ ဇန်န၀ါရီလ ၂၅ ရက်
၁၀၂၇စစ်ဆင်ရေး
တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ၊ မိုးကုတ်မြို့နယ် ပိန်ပြစ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ (၅း၁၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ စစ်ကား(၄)စီးဖြင့် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ မိုးကုတ်မြို့နယ်၊ ပိန်ပြစ်ကျေးရွာသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ