31

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၁) ရက်မြောက်နေ့ ရှမ်းမြောက်ဒေသအတွင်း ကနဦးတိုက်ပွဲသတင်းများ

သတင်း
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၁) ရက်မြောက်နေ့ ရှမ်းမြောက်ဒေသအတွင်း ကနဦးတိုက်ပွဲသတင်းများ 


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၊ နေ့လယ် (၁၂:၄၀) အချိန်တွင် ထုတ်ပြန်သည်။


၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်သည့် ရက်ပေါင်း (၇၁) ရက်တာကာလအတွင်း စစ်ကောင်စီ၏ရာချီသော စခန်းများနှင့် မြို့ကြီးအချို့တို့ကို မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ စစ်ရှုံးကာ စွန့်လွှတ်လိုက်ရသောစခန်းများထဲမှ တပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့၏မိခင်အဖွဲ့အစည်းထံ မရောက်ဘဲ  ပုံစံအမျိုးမျိုးဖြင့် နေရာအမျိုးမျိုးတွင် ထွက်ပြေးလွတ်မြောက်နေကြဆဲဖြစ်သည်။ 


ဤကဲ့သို့ ထွက်ပြေးလွတ်မြောက်နေသော ဖက်ဆစ်တပ် စစ်ကောင်စီတပ်သားအချို့သည် မိမိတို့ဒေသအတွင်းရှိ ရပ်ရွာများအနီးတွင်လည်းကောင်း၊ မိမိတို့သိမ်းပိုက်ထားသော စခန်းအနီးအနားပတ်ဝန်းကျင်များ၌လည်းကောင်း၊ သံလွင်မြစ်ကြောတစ်လျှောက်တွင်လည်းကောင်း အစုလိုက်စုဖွဲ့သည့်ပုံစံမျိုးဖြင့် ပြန့်ကျဲစွာရှိနေကြသည်မှာ မိမိတို့ပြည်သူလူထုများနှင့် မိမိတို့တပ်ဖွဲ့ဝင်များအတွက် အန္တရာယ်ကြီးစွာ ရှိလှသည်။


အခြားတစ်ဘက်တွင် စစ်ကောင်စီ၏ လက်ဝယ်ခံပြည်သူ့စစ်အချို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အွန်လိုင်းလောင်းကစား (ကျဖျင်) လိမ်လည်သူများ၊ စစ်ကောင်စီ၏ အကာအကွယ်ကိုယူပြီး လုပ်စားနေကြသော မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် ထွက်ပြေးလွတ်မြောက်နေသည့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖဒေသများအတွင်း အတူထွက်ပြေးတိမ်းရှောင်ခြင်းတို့အပြင် လက်နက်၊ စစ်အင်အားဖြည့်တင်းခြင်းတို့ကိုပါ လုပ်ဆောင်နေကြောင်း သိရှိရသည်။ 


ထို့ကြောင့် မိမိတို့ ညီနောင်မဟာမိတ်(၃) ဖွဲ့အနေဖြင့် အွန်လိုင်းလောင်းကစား (ကျဖျင်) လိမ်လည်သူများကို အကာအကွယ် ထပ်မံပေးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုအတွက် အန္တရာယ်ကောင်ဖြစ်သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်နေကြသူများကို အထက်ဖော်ပြပါနေရာများအပြင် အခြားသော ဤကဲ့သို့ ခိုအောင်းနေသည့်နေရာများ၌ပါ လိုက်လံဖမ်းဆီးခြင်းနှင့် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ပါသည်။


မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၁) ရက်မြောက်နေ့ ရှမ်းမြောက်ဒေသအတွင်း ကနဦးတိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်