ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှ အလုံးစုံလွတ်မြောက်ရေးအောင်ပွဲအခမ်းအနားသို့ PSLF/TNLA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း တက်ရောက်ချီးမြှင့်

မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှတမှုပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNTJP/MNDAA ၏ ဦးဆောင်တိုက်ပွဲဝင်မှုနှင့်အတူ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ဒုဥက္ကဌ (၂) ဗိုလ်မှူးချုပ် တားခူလာင်းတို့ တက်ရောက်ချီးမြှင့်ခဲကြသည်။

ယခုဖတ်ရန်
သတင်း

၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဖွဲ့ သေနတ်ကိုင်တပ်ရင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် PSLA အဖြစ် ၁၉၇၆ ခုနှစ်တွင် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌ တားခွန်သောင်း ၏ ဦးဆောင်မူအောက်တွင် ပလောင်အမျိုးသား လွတ်မြောက်ရေးအတွက် တော်လှန်သောစိတ်ဓါတ်ကို ခိုင်မာစွာစည်းရုံးလှုံ့ဆော်နိုင်ခဲ့ပြီး စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လမ်းစဉ်များကို မှန်ကန်စွာ ချမှတ်ကျင့်ဆောင်နိုင်ခဲ့သည်။

သတင်း

၁၀၂၇ စစ်ဆင်ရေးတစ်လျှောက်တွင် အသာတကြည် လက်နက်ချအညံ့ခံလာသူ “ရန်သူ့တပ်ဖွဲ့ဝင်များ” အား ၎င်းတို့၏ စိတ်ဆန္ဒအတိုင်း အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလာခဲ့သည်မှာလည်း အစောပိုင်းကာလများမှ လက်နက်ချ အညံ့ခံခဲ့၍ အသက်ချမ်းသာရာရရှိသွားကြသောသူများ အားလုံးအသိပင်ဖြစ်သည်။ လက်ရှိအချိန်တွင် ဤကဲ့သို့သော လက်နက်ချအညံ့ခံသောသူများအရေအတွက်မှာ (၃၀၀၀) မှ (၄၀၀၀) နီးပါးအထိရှိလာခဲ့ပြီဖြစ်သည်။

သတင်း

မိမိတို့ စစ်ဆင်ရေးကာလ၏ (၇၁) ရက်မြောက်နေ့သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အထွတ်အထိပ်နေ့နှင့် စိတ်အလှုပ်ရှားဆုံးနေ့တစ်ရက်ဖြစ်ခဲ့သည်။ မြန်မာပြည်သူပြည်သားများအတွက် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ အကောင်းဆုံးသော နှစ်သစ်လက်ဆောင်မွန်ကောင်းဖြစ်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါသည်။ ဆက်လက်၍ ယခုထက် ကောင်းမွန်လှပပြည့်စုံပြီး အနှစ်သာရအရှိဆုံးသော လက်ဆောင်မွန်ကောင်းများကို ထပ်မံပေးအပ်နိုင်ရန်အတွက်  မိမိတို့အနေဖြင့် အကောင်းဆုံးကြိုးစားနေပါကြောင်းကိုလည်း လေးစားစွာဖြင့် ထပ်မံအသိပေးအပ်ပါသည်။

သတင်း

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ဆင်ရေး ရက်ပေါင်း (၇၀) သို့ရောက်ရှိလာသည့်နေ့၌ မိမိတို့ နယ်မြေများအသီးသီးရှိ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း မိမိတို့ဘက်မှ ထိုးစစ်နှင့် ရန်သူ့ဘက်မှ ခံစစ်တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများကြောင့် အပြင်းထန်ဆုံးရက်တစ်ရက် ဖြစ်ခဲ့သည်။

လူကြည့်အများဆုံး သတင်းများ

12 March 2025