2049

နမ့်ခမ်းမြို့တွင် ပြည်သူ့လုံခြုံရေးနှင့် မှုခင်းဖြစ်ပွားမှုမရှိစေရန်အတွက် မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ကင်းလှည့်စစ်ဆေးမှုပြုလုပ်ခဲ့

သတင်း
11 August 2026

နမ့်ခမ်းမြို့တွင် ပြည်သူ့လုံခြုံရေးနှင့် မှုခင်းဖြစ်ပွားမှုမရှိစေရန်အတွက် မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ကင်းလှည့်စစ်ဆေးမှုပြုလုပ်ခဲ့ 


နမ့်ခမ်း၊ သြဂုတ် ၁၁ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့တွင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် မှုခင်းဖြစ်ပွားမှုများမရှိစေရန် ရည်ရွယ်၍ မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ပြီးခဲ့သည့် သြဂုတ်လ (၇) ရက်နေ့၌ ကင်းလှည့်စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ 


အဆိုပါ ပူးပေါင်းကင်းလှည့်စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်သူ့လုံခြုံရေးမြှင့်တင်ရန်နှင့် မှုခင်းဖြစ်ပွားမှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် မြို့တွင်း၊ မြို့ပြင်ရှိ လမ်းဆုံလမ်းခွများ၌ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။




မိဘပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပိုမိုကောင်းမွန်စေရန်အတွက် မြို့နယ်ရဲတပ်ဖွဲ့များက မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့တွင်း၊ မြို့ပြင် စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးစစ်ဆေးမှုများကို ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။


အလားတူ နမ္မတူမြို့အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းအသုံးပြုသူများ စနစ်တကျ သွားလာနိုင်စေရန် ရည်ရွယ်၍ မြို့နယ်ရဲတပ်ဖွဲ့မှ သြဂုတ်လ (၁) ရက်နေ့မှ စတင်ကာ မီးပွိုင့်များ တပ်ဆင်ဆောင်ရွက်လျက်ရှိပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း တစ်ပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခဲ့သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် ပြည်သူ့လုံခြုံရေးနှင့် မှုခင်းဖြစ်ပွားမှုမရှိစေရန်အတွက် မြို့နယ်ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ကင်းလှည့်စစ်ဆေးမှုပြုလုပ်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်