နမ့်ဆန်မြိုတွင် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
နမ့်ဆန်၊ ဖေဖော်ဝါရီ ၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြိုတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တအာင်းပြည် ပညာရေးကောင်စီ-TLECမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် ပညာရေးပွဲတော်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့သည်။


ယမန်နေ့ ဖေဖော်ဝါရီ ၂ရက်နေ့ နံနက် (၉:၀၀)နာရီ စတင်ကျင်းပပြုလုပ်ပြီး PSLF/TNLA အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လမှ “ပညာရေးကို ကောင်းမွန်စွာ မသင်ယူနိုင်သောကြောင့် ကျွန်ုပ်တိုသည် ဆင်းရဲဒုက္ခများကို ရင်ဆိုင်နေရပြီး ၎င်းအခြေအနေများသည် ပညာရေးချိုတဲ့ခြင်းကြောင့် ကျွန်တော်တို ဆင်းရဲဒုက္ခကို ကျော်လွှားနိုင်ရန်အတွက် ပညာရေးဘက်အား အားစိုက်ရမည်။ ပညာရေးကဏ္ဍကို အထူးအာရုံစိုက် အားဖြည့်ရမည်ဖြစ်သလို ဘာသာရေးအခြေခံများနှင့် လူ့အဖွဲအစည်း၏ အခြားနေရာများတွင်လည်း ညီညွတ်မျှတစွာ မြှင့်တင်ရန် လိုအပ်ပါသည်”ဟု အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။



ထိုအပြင် အခမ်းအနားတွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လ၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဗိုလ်နောင်ချို၊ ပါမောက္ခ ဒေါက်တာဟောည်၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူများနှင့် ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၁၀၀၀)ဦးကျော် တက်ရောက်ခဲ့သည်။

ထိုအပြင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် Grade – 12 အောင်မြင်ခဲ့သည့် ကျောင်းသူ/သားများကို ဆုချီးမြှင့်ပေးခဲ့ပြီး ဂုဏ်ထူးဘာသာ ရရှိသူနှင့် ရိုးရိုးအောင်မြင်သူများလည်း ပါဝင်ခဲ့သည်။ ထိုနောက် ဆောင်းပါးပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ သင်ထောက်ကူပြုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်း ဆုချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ပညာရေးပွဲတော်နှင့် ဆုချီးမြှင့်ပေးပွဲအခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA၏ အုပ်ချုပ်သည့် မြိုနယ်တိုင်းရှိ ကျေးရွာများအတွင်းရှိ ကျောင်းများတွင် ကျင်းပပြုလုပ်ပြီး၊ ကျောင်းတွင် စာသင်ကြားခြင်းသာမက ကလေးများ၏ ပညာရေးဆိုင်ရာ စွမ်းရည်များကို ထုတ်ဖော်ပြသနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို ပညာရေးပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ