1717

(၆၃)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် PSLF/TNLAမှ အကျဉ်းသား (၁၅)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ (၅၅)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေး

သတင်း
20 January 2026

(၆၃)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် PSLF/TNLAမှ အကျဉ်းသား (၁၅)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ (၅၅)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေး

နမ့်ဆန်၊ ဇန်နဝါရီ ၂၀ရက်
တအာင်းပြည်သတင်း

၂၀၂၆ခုနှစ်၊ ဇန်နဝါရီ (၁၂)ရက်နေ့တွင် ကျရောက်ခဲ့သော (၆၃)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် PSLF/TNLAမှ အကျဉ်းသား (၁၅)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး (၅၅)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပါသည်။

ထိုအကျဥ်းသားများသည် တအာင်းပြည်အတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်မှုကျူးလွန်၍  အကျဥ်းကျနေသူများဖြစ်ကြပြီး ပ‌လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဖမ်းဆီးထိန်းသိမ်းထားကြသူများဖြစ်ကြပါသည်။ ၎င်းတို့ကို ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းမှ လက်မှတ်ထိုး လွတ်ငြိမ်းပေးခဲ့သည်။

ပြစ်မှုများစွာကျူးလွန်၍ အကျဥ်းထောင်အသီးသီးတွင် နှစ်ရှည်ထောင်ကျနေရသူများကိုလည်း တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအနေဖြင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး လွှတ်ငြိမ်းစေ့ရန် လပိုင်းသာလိုအပ်နေသည့် အကျဥ်းသားကိုလည်း လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်ပါသည်။

ထိုအပြင် (၆၃)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းထိမ်းထားခံရသူ (၁၁၁)ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီးဖြစ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: (၆၃)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် PSLF/TNLAမှ အကျဉ်းသား (၁၅)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ (၅၅)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်