1679

နမ္မတူမြို့တွင် PSLF/TNLA မီးသတ်တပ်ဖွဲ့မှ မီးသတ်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

သတင်း / နိုင်ငံရေး
11 December 2025

နမ္မတူမြို့တွင် PSLF/TNLA မီးသတ်တပ်ဖွဲ့မှ  မီးသတ်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

နမ္မတူ၊ ဒီဇင်ဘာ ၁၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ္မတူမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/TNLA မီးသတ်တပ်ဖွဲ့မှ ဖွင့်လှစ်ခဲ့သည့်  မီးသတ်သင်တန်းကို ယမန်နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

ထိုသင်တန်းဆင်းပွဲကို နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအချိန်ထိ ပြုလုပ်ခဲ့ပြီး ဗဟိုအ‌ထွေထွေ
အုပ်ချုပ်ရေးဌာန ဒုဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်မှ "မီးသတ်တပ်ဖွဲ့ ၀န်းထမ်းများသည် ပြေပြေပစ်ပစ်ယဉ်ကျေးစွာ စေတနာထားပြီး လုပ်ငန်းများကို ဆောင်ရွက်ရမည်။ မြို့၊ ရပ်ရွာအတွင်းတွင် တတ်မြောက်ထားသည့်ပညာရပ်များကို ပြည်သူလူထုများထံ ဆင့်ပွားပေးစေရန်နှင့် တာ၀န်ထမ်းဆောင်ချိန်တွင် မီးသတ်လုပ်ငန်းလုပ်ဆောင်သည့်ပစ္စည်းများကို အမြဲတစေအဆင့်သစ်ဖြစ်ရန် ဆောင်ရွက်ရမည်"ဟု တက်ရောက်အဖွင့်အမှာစကားပြောကြခဲ့သည်။

မီးသတ်တပ်ဖွဲ့သင်တန်းတွင် နမ့်ဆန်ခရိုင် အတွင်းရှိ နမ့်ဆန်မြို့နယ်မှ လူငယ် (၁၃)ဦး၊ နမ္မတူမြို့နယ်မှ (၁၈)ဦး၊ မန်တုံမြို့နယ်မှ (၆) ဦး၊ မိုင်းလုံမြို့နယ်မှ (၇)ဦး၊ မိုင်းဘော်မြို့နယ်မှ (၆)ဦး စုစုပေါင်း သင်တန်းသား (၅၀) ဦးတို့ကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ ၎င်းသင်တန်းတက်ရောက်သည့် ကျောင်းသားများကို သင်တန်းဆင်းလက်မှတ်အပ်နှံ့ပေးခဲ့သည်။

သင်တန်းကာလ (၂၀)ရက်ကြာမြင့်သည့် အဆိုပါသင်တန်းကာလအတွင်း လက်နက်မဲ့ စစ်ရေးပြဘာသာရပ်၊ အခြေခံမီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်၊ ရှေ့ဦးသူနာပြုစုခြင်း စသည့်ဘာသာရပ်တို့ကို သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

၎င်းအခမ်းအနားကို PSLF/TNLA ဗဟိုအ‌ထွေထွေအုပ်ချုပ်ရေးဌာန ဒုဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်၊ ဗဟိုမီးသတ်မှူး ဒုဗိုလ်မှူးကြီးတားတံင်ရိူန်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာ၀န်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် စုစုပေါင်းလူဦးရေး (၈၀)ဦးကျော် တက်ရောက်ခဲ့ကြပါသည်။

ထိုမီးသတ်တပ်ဖွဲ့ သင်တန်းဖွင့်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ (၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး သင်တန်းဆင်းပွဲကို ယမန်နေ့ ဒီဇင်ဘာ (၁၀)ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပြီးဖြစ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့တွင် PSLF/TNLA မီးသတ်တပ်ဖွဲ့မှ မီးသတ်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်