သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးလာရောက်ကြဲချတိုက်ခိုက်
သီပေါ၊ ဇူလိုင်လ ၂၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးလာရောက်ကြဲကျတိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်တွင် ယမန်နေ့ ည (၁၀း၂၀)နာရီအချိန်တွင် ယခင်စစ်ကောင်စီတပ်စခန်းဟောင်း ခလရ (၂၃)တပ်စခန်းအတွင်း ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၃)လုံး လာရောက်ကြဲချခဲ့သည်။ ထိုဗုံးသည် ဇာတ်စုရပ်ကွက်နှင့် ရွှေကျောင်းရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲမှုကြောင့် အ.မ.က (၁)ကျောင်းရှိ ကျောင်းဆောင်များ ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် သီပေါမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင် (၁၄)ရက်နေ့တွင် (၁)ကြိမ်၊ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီး ဗုံးလာရောက်ကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး သေဆုံးသွားကာ (၅)ဦးဒဏ်ရာရရှိပြီး နေအိမ် (၁၃)အိမ်၊ အဆောက်အဦး (၆)လုံးထိခိုက်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ