1222

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရ

သတင်း
29 June 2025

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရ


ကျောက်မဲ၊ ဇွန်လ၂၉ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁)တွင်  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။


ဖြစ်စဥ်တွင် ယနေ့ နေ့လယ် (၂း၃၃)နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုများ ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၁၀)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။




စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လ (၂၄)ရက်နေ့နှင့် (၂၆)ရက်နေ့လည်း ကျောက်မဲမြို့အတွင်း လေကြောင်းဖြင့် ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထု (၅)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၂)ဦးအပါအ၀င် ပြည်သူလူထု (၁၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၁)အိမ်နှင့် စာသင်ကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။


ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်