PSLF/TNLA တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မိုင်းဝီးမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းများ ရောင်းဝယ်သူ အမျိုးသား (၁)ဦး ဖမ်းဆီးရမိ
မိုင်းဝီး၊ ဇွန်လ ၂၇ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ်းခမ်းခရိုင် မိုင်းဝီးမြို့နယ်တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းများ ရောင်းဝယ်သူ အမျိုးသား (၁)ဦးဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်တွင် ဇွန်လ ၂၃ ရက် မိုင်းဝီးမြို့ ရပ်ကွက် (၂) တွင် နေထိုင်သည့် ဦးဒူနောင်သည် မူးယစ်ဆေးဝါးရောင်းဝယ်သည့်ဟု သတင်းရရှိကာ ၎င်းနေအိမ်အတွင်း မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကာ မူးယစ်ဆေးဝါးဆက်စက်ပစ္စည်းများ၊ လက်နက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ပါသည်။
၎င်း၏ နေအိမ်အတွင်း ကျည်ဆံမျိုးစုံ (၆၀၀)ထောင့်၊ လက်ပစ်ဗုံး- (၁၀) လုံး၊ လက်ထောက်ဗုံးသီး (၁) လုံး၊ ဘိန်းမဲနှင့် မူးယစ်ဆေးဝါး ဆက်စက်ပစ္စည်းများ တွေ့ရှိခဲ့သည်။ ထိုနောက် အသက် (၄၀) နှစ်အရွယ် ဦးဒူနောင်ကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ ကွတ်ခိုင်မြို့နယ်၊ ဟိုကျန့်ကျေးရွာတွင်နေထိုင်သည့် ဦးဇော်မိုင်၏နေအိမ်တွင် လက်နက်ပစ္စည်းများစုထားနေသည်ဟုသတင်းရရှိကာ တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် ကာဘိုင် (၂)လက်၊ M-21 (၁)လက်၊ ပစ္စတို (၆)လက်၊ MA-1 (၄)လက်၊ MA-2 (၂)လက်၊ G-3 (၁)လက်၊ ကျည်ဘောက် (၂၃)ခု၊ (၅.၅၆)ကျည် (၇၈)ထောင့်၊ 9MMကျည် (၅၀)ထောင့်၊ 120MM ပြောင်းအထိုင် (၁)ခု၊ ပွိုင့်(၂၂)ကျည် (၃၀၀)ထောင့်နှင့် ယာမဆေးပြား (၃၆၀)ပြားတို့ကို တွေ့ရှိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ