1204

မိုင်းငေါ့မြို့တွင် တအာင်းတပ်မတော်-TNLAစစ်ဆေးရေးဂိတ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA တပ်ဖွဲ့မှ သေနတ် (၆)ချက် ပစ်ခတ်တိုက်ခိုက်

သတင်း
24 June 2025

မိုင်းငေါ့မြို့တွင် တအာင်းတပ်မတော်-TNLAစစ်ဆေးရေးဂိတ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA တပ်ဖွဲ့မှ သေနတ် (၆)ချက် ပစ်ခတ်တိုက်ခိုက်

 

မိုင်းငေါ့၊ ဇွန်လ ၂၄ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းငေါ့မြို့နယ်၊ မန်ပွန်းကျေးရွာအနီးတွင်ရှိသည့် တအာင်းတပ်မတော်-TNLAစစ်ဆေးရေးဂိတ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSAမှ သေနတ် (၆)ချက်  ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ 

 

ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA၏ တပ်မဟာ (၇၂၉)လက်အောက်ခံ တပ်ရင်း (၂၀၈)သည် လူအင်အား (၄၆)ဦးပါသည့် ကား (၂)စီးဖြင့် ယနေ့ ညနေ (၄း၂၀)နာရီအချိန် ထိုစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားပြီးနောက်တွင် ပစ်ခတ်ခဲ့ပါသည်။ 

 

ယမန်နေ့လည်း မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စုအတွင်း တအာင်းတပ်မတော်-TNLA စစ်ကြောင်းထွက်ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSAတပ်ဖွဲ့မှ (၂)ကြိမ်  ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး TNLA စစ်ကြောင်းတည်ရှိရာကိုလည်း လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ 

 

ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSAတပ်ဖွဲ့သည် ဟူးဆွန်တောင်စခန်းကိုလည်း တအာင်းတပ်မတော်-TNLA၏ တပ်သားလှစ်ဟနေချိန် အခွင့်ကောင်းယူပြီး နေရာဝင်ယူခဲ့သောကြာင့် ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်နေ့တွင် တအာင်းတပ်မတော်-TNLAတပ်ဖွဲ့မှ စခန်းသို့တက်လာစဉ် SSPP/SSAတပ်ဖွဲ့က လက်နက်ဖြင့် တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မိမိတို့တပ်ဖွဲ့ဝင် (၂)ဦး ဆုံးရှုံးခဲ့ရပြီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ 

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြား‌ရေးဌာန

Topics: မိုင်းငေါ့မြို့တွင် တအာင်းတပ်မတော်-TNLAစစ်ဆေးရေးဂိတ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA တပ်ဖွဲ့မှ သေနတ် (၆)ချက် ပစ်ခတ်တိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်