1200

မိုးမိတ်မြို့တွင် တအာင်းတပ်မတော်-TNLA စစ်ကြောင်းထွက်ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်‌ရေးပါတီ -SSPP/SSAတပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်

သတင်း / နိုင်ငံရေး
23 June 2025

ကွတ်ခိုင်နှင့် မိုင်းငေါ့မြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှမူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦး ဖမ်းဆီးရမိ


ကွတ်ခိုင်၊ ဇွန် ၂၃ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ ကွတ်ခိုင်နှင့် မိုင်းငေါ့မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်း ဝယ်သူ အမျိုးသား (၂)ဦးဖမ်းဆီးရမိခဲ့ပါသည်

 

ဖြစ်စဉ်တွင် ကွတ်ခိုင်မြို့ ရပ်ကွက် (၈)တွင် ပြီးခဲ့သည့် ဇွန်လ (၂၀)ရက်နေ့ ညနေ (၄း၃၀)နာရီအချိန်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ကိုကျော်နိုင်ထွန်းသည် မူးယစ်ဆေးဝါးရောင်းဝယ်နေသည်ဟုသတင်းရရှိပြီး ၎င်း၏ နေအိမ်အတွင်း သွားရောက်စစ်ဆေးရာတွင် ယာမဆေးပြား (၂၄၀၀၀၀)ပြား၊ ဘိန်းမည်း (၅)ကျပ်သား၊ ကား (၁)စီး၊ ဖုန်း (၄)လုံး၊ Tablet(၁)လုံး၊ မူးယစ်‌ဆေးဝါးနှင့်ဆက်စပ်သည့်ပစ္စည်းများကို တွေ့ရှိခဲ့ပါသည်။

 

အလားတူ မိုင်း‌ငေါ့မြို့နယ်၊ မန်ဝေးကျေးရွာကို မူးယစ်ဆေးဝါးသွားပို့မည့်ဦးအိုက်ဆိုင်သည် စစ်ဆေးရေးဂိတ်ရောက်နေစဉ် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် ယာမဆေးပြား (၁၉၈)ပြား၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပါသည်။


ထိုနောက် ၎င်းအမျိုးသား (၂)ကို မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဥပ‌ဒေအရ  အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

 

ပြီးခဲ့သည့် ဇွန်လ (၁၆)ရက်နေ့လည်း နမ့်ဆန်မြို့နယ် ၊တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦးဖမ်းဆီးရမိခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးမိတ်မြို့တွင် တအာင်းတပ်မတော်-TNLA စစ်ကြောင်းထွက်ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်‌ရေးပါတီ -SSPP/SSAတပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်