1009

သီပေါတွင် ဘုန်းကြီးကျောင်းဆောင်တစ်ဆောင် မီးလောင်မှုဖြစ်ပွား

သတင်း
23 April 2025

သီပေါတွင် ဘုန်းကြီးကျောင်းဆောင်တစ်ဆောင် မီးလောင်မှုဖြစ်ပွား

 

သီပေါ၊ ဧပြီလ ၂၃ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းဆောင်တစ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်တွင် ဧပြီလ (၂၁)ရက် ည (၉း၄ဝ)နာရီအချိန်တွင် မဟာမြတ်မုနိဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်တစ်ခုတွင် သာမဏေများသည် ဘုရားရှိခိုးချိန် ဖယောင်းတိုင်များကို မီးထွန်းထားခဲ့ပါသည်။ 

 

ထို့နောက် ထွန်းထားသည့်ဖယောင်းတိုင်တစ်တိုင်သည် လှဲကျပြီး မီးစတင်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။ ၎င်းမီးလောင်မှုကြောင့်ကျောင်းအတွင်းပစ္စည်းများ မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး သိန်း (၄ဝ)ကျော် ဆုံးရှုံးသွားခဲ့သည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး    PSLF/TNLA ၏ မီးသတ်တပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုတို့မှ  ဝိုင်းဝန်းပြီး မီးငြိမ်းသတ်ခဲ့ပါသည်။

 

အလားတူ ပြီးခဲ့သည့် ဧပြီလ (၄)ရက်လည်း ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅)ရှိ နေအိမ်တစ်အိမ်တွင်ဝါယာကြိုးရှော့ဖြစ်ရာမှ နေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါတွင် ဘုန်းကြီးကျောင်းဆောင်တစ်ဆောင် မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်