(၆၂) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသော မဟာမိတ်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများ နှင့် နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးအား မှတ်တမ်းတင် ကျေးဇူးတင်ပါကြောင်း
တအာင်းပြည်၊ ဇန်နဝါရီလ ၁၃ရက်
ယမန်နေ့ ဇန်နဝါရီလ ၁၂ရက်တွင် ကျရောက်ခဲ့သော (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသော မဟာမိတ်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးအား မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မှတ်တမ်းတင် အထူးကျေးဇူးတင်ရှိပါသည်။
(၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင်
1) မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)
2) အမျိုးသားညီညွတ်ရေးအစိုးရ - NUG
3) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH
4) ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) - (MDY-PDF)
5) မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)
6) ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF
7) ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး
8) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် - BPLA
9) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA
10) စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်
11) Nationwide Air Scout (NAS) Burma
12) ကျောင်းသားလက်ရုံးတပ်တော် - SAF
13) ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာ
14) Generation Z Army (GZA)
15) ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး - DPLF//DPLA
16) ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)
17) အမျိုးသားလွတ်မြောက်ရေးတပ်တော် - NLA တို့မှ ပေးပို့လာသော ဂုဏ်ပြုသဝဏ်လွှာများလည်း မိမိတို့ PSLF/TNLA အဖွဲ့အစည်းမှ လက်ခံရရှိခဲ့ပါသည်။
အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အပါအဝင် တအာင်းတစ်မျိုးသားလုံး အဖိနှိပ်ခံဘဝလွတ်မြောက်ရေးနှင့် တအာင်းပြည်နယ်တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသည့် မိမိတို့ PSLF/TNLA အဖွဲ့အစည်းထံ မဟာမိတ်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဉီးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ပေးပို့ကြသော ဂုဏ်ပြုသဝဏ်လွှာများကို မှတ်တမ်းတင်ထားပြီး ၎င်းအဖွဲ့အစည်းအသီးသီးအား အထူးကျေးဇူးတင်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ