650

အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါးပျံလွန်ပြီး ပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရ

သတင်း
26 November 2024

အင်းဝိုင်းကျေးရွာတွင်  စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါးပျံလွန်ပြီး ပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရ


နောင်ချို၊ နိုဝင်ဘာလ ၂၆ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါးပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရရှိသည်။


ဖြစ်စဉ်တွင် နိုဝင်ဘာလ ၂၄ရက်နေ့ ည (၈း၀၀)နာရီအချိန်တွင် အင်းဝိုင်းကျေးရွာပေါ်  စစ်ကောင်စီတပ်မှ လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 


နောင်ချိုမြို့နယ်တွင် နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံ(၁၈)ဦး သေဆုံးပြီး (၃၄)ဦး ထိမှန်ဒဏ်ရာရသည်။


ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အင်းဝိုင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါးပျံလွန်ပြီး ပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်