နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်
တအာင်းပြည်၊ နိုဝင်ဘာ ၂၆ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ(၃)နယ်မြေ တစ်နေရာတွင် PSLF/TNLA အမျိုးသမီးစစ်သည်တော် ကော်မတီများမှ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အခမ်းအနားကို ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်မှ မွန်းလွှဲပိုင်း (၁၂း၄၅)နာရီအချိန်ထိ ပြုလုပ်ခဲ့သည်။
အခမ်းအနား၏ ရည်ရွယ်ချက်တွင် (၁)နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက် ပပျောက်ရေးနေ့သိရှိစေရန်၊ (၂) မိဘပြည်သူများ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖမ်းမှု ပပျောက်ရေးနေ့ လုပ်ငန်းစဥ်များကို သိရှိစေရန်နှင့် ဝန်းဝိုင်းကူညီစောင့်ရှောက်စေရန်၊ (၃)အမျိုးသမီးအရေးများ ပူးပေါင်းပါဝင် ဆောင်ရွက်စေရန်၊ (၄) တအာင်းဒေသအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရန်တို့ဖြစ်သည်။
ထိုနိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားများကို PSLF/TNLA အမျိုးသမီးစစ်သည်တော် ကော်မတီများမှ ဦးဆောင်ကျင်းပပြုလုပ်ပြီး ဒေသခံတိုင်းရင်းသားများဖြစ်ကြသည့် လီဆူ၊ ကချင်၊ ရှမ်း၊ တအာင်းလူမျိုးအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀)ဦးကျော် တက်ရောက်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ