344

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၁)ရက်မြောက် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်

သတင်း / နိုင်ငံရေး
05 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၁)ရက်မြောက် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်


တအာင်းပြည်၊ ဇူလိုင်(၅)ရက်

တအာင်းပြည်စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ် လက်ခုပ်ပင်ရွာ၊ လယ်ကြီးရွာနှင့် လက်ခုပ်သာရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA၊  PLA PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၃၄၈)၊ ခလရ (၂၂၃)၊ ခလရ (၂၇၆) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ 


တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့တွင် တအာင်းတပ်တော် TNLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဒုံးတပ် (၆၀၆) တပ်စခန်းတွင် ယနေ့ ညနေ (၄း၅၀)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 


စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်းသို့ ညနေ (၆း၄၂)နာရီအချိန် Jet Fighter ဖြင့်  လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၁)ရက်မြောက် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်