342

မိုးကုတ်မြို့အနောက်ပိုင်းတွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ ဘဏ်များကို ဖောက်ထွင်းပြီး ငွေသားများ နှင့် ကျောက်မြတ်ရတနာများ ယူဆောင်သွား

သတင်း / နိုင်ငံရေး
05 July 2024

မိုးကုတ်မြို့အနောက်ပိုင်းတွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ ဘဏ်များကို ဖောက်ထွင်းပြီး ငွေသားများ နှင့် ကျောက်မြတ်ရတနာများ ယူဆောင်သွား


 မိုးကုတ်၊ ဇူလိုင် ၅ ရက်

တအာင်းပြည်တိုက်ပွဲသတင်း


တအာင်းပြည် တပ်မဟာ (၂)စစ်ဒေသ၊ မိုးကုတ်မြို့အနောက်ပိုင်းတွင် တိုက်ပွဲကာအတွင်း စစ်ကောင်စီတပ်မှ KBZ Bank နှင့် CB Bank များအား ဖောက်ထွင်းပြီး ငွေသားနှင့် ကျောက်မြတ်ရတနာများ စုစုပေါင်း တန်ဖိုး (ကျပ်သိန်းပေါင်း နှစ်သောင်း) ဝန်းကျင် ယူဆောင်သွားခဲ့သည်။ 

   





လွန်ခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျုဟာ၊ PDF (513)နှင့် ပကဖ (မိုးကုတ်)တို့ ပူးပေါင်းပြီး စစ်ကောင်စီ တပ်စွဲထားသည့် ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းအား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြို့အတွင်း ကျပ်ပြင်ရဲစခန်းနှင့် ဘဏ်များတွင် ထွက်ပြေးခိုးအောင်းနေခဲ့သည်။ 





တအာင်းတပ်မတော် TNLAနှင့် ပူးပေါင်းတပ်မှ စစ်ကောင်စီတပ်အား လိုက်လံရှင်းလင်းရာတွင်  ဘဏ်အတွင်းခိုးအောင်းနေသည့် စစ်ကောင်စီတပ်အား လိုက်လံရှင်းလင်းခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်မှ KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မြတ်ရတနာများ ဖောက်ထွင်းယူဆောင်သွားကြောင်း အထောက်အထားများ တွေ့ရှိရပြီး စစ်ကောင်စီအလောင်း တစ်ဦးချင်းစီ၏ ကျောပိုးအိတ်တွင်လည်း ငွေသား သိန်း ၅၀ နှင့် ကျောက်မြတ်ရတနာများ တွေ့ရှိရသည်။ 





မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့သည် တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ (၈၈)၊ ခလရ (၇၈)၊ ခလရ (၁၄၈)နှင့် မိုးကုတ်ဗျုဟာတို့ အခြေချသည့် တပ်များဖြစ်သည်။ တိုက်ပွဲကာလအတွင်းလည်း ၄င်းတပ်ရင်း၊ တပ်ဖွဲ့များသည် KBZ Bank နှင့် CB Bank ရှိ ငွေသားနှင့် ကျောက်မြတ်ရတနာများ တန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်း ဝန်းကျင် ဖောက်ထွင်းယူဆောင်သွားခဲ့သည်။




#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: မိုးကုတ်မြို့အနောက်ပိုင်းတွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ ဘဏ်များကို ဖောက်ထွင်းပြီး ငွေသားများ နှင့် ကျောက်မြတ်ရတနာများ ယူဆောင်သွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်