သတင်း

မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှတမှုပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNTJP/MNDAA ၏ ဦးဆောင်တိုက်ပွဲဝင်မှုနှင့်အတူ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနှင့် ဒုဥက္ကဌ (၂) ဗိုလ်မှူးချုပ် တားခူလာင်းတို့ တက်ရောက်ချီးမြှင့်ခဲကြသည်။

သတင်း

၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဖွဲ့ သေနတ်ကိုင်တပ်ရင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် PSLA အဖြစ် ၁၉၇၆ ခုနှစ်တွင် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌ တားခွန်သောင်း ၏ ဦးဆောင်မူအောက်တွင် ပလောင်အမျိုးသား လွတ်မြောက်ရေးအတွက် တော်လှန်သောစိတ်ဓါတ်ကို ခိုင်မာစွာစည်းရုံးလှုံ့ဆော်နိုင်ခဲ့ပြီး စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လမ်းစဉ်များကို မှန်ကန်စွာ ချမှတ်ကျင့်ဆောင်နိုင်ခဲ့သည်။

သတင်း

၁၀၂၇ စစ်ဆင်ရေးတစ်လျှောက်တွင် အသာတကြည် လက်နက်ချအညံ့ခံလာသူ “ရန်သူ့တပ်ဖွဲ့ဝင်များ” အား ၎င်းတို့၏ စိတ်ဆန္ဒအတိုင်း အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလာခဲ့သည်မှာလည်း အစောပိုင်းကာလများမှ လက်နက်ချ အညံ့ခံခဲ့၍ အသက်ချမ်းသာရာရရှိသွားကြသောသူများ အားလုံးအသိပင်ဖြစ်သည်။ လက်ရှိအချိန်တွင် ဤကဲ့သို့သော လက်နက်ချအညံ့ခံသောသူများအရေအတွက်မှာ (၃၀၀၀) မှ (၄၀၀၀) နီးပါးအထိရှိလာခဲ့ပြီဖြစ်သည်။

လူကြည့်အများဆုံး သတင်းများ

19 April 2025