456

“ကျေးဇူးတင်လွှာ”

ထုတ်ပြန်ချက်
12 August 2024

“ကျေးဇူးတင်လွှာ”

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်

ကိုးကန့်၊ တအာင်း နှင့် ရက္ခိုင်အဖွဲ့အစည်းတို့ ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးများနှင့်အတူ ရရှိလာခဲ့သော အောင်မြင်မှု၊ မြို့သိမ်းတိုက်ပွဲများအပေါ် ဂုဏ်ပြုလွှာများ ပေးပို့လာကြသည့် အဖွဲ့အစည်းအသီးသီးနှင့် ဂုဏ်ပြုစကားပါးပေးကြသော လူပုဂ္ဂိုလ် အသီးသီးတို့အား အထူးကျေးဇူးတင်ရှိပါသည်။





ထို့အပြင် မိမိတို့၏ စစ်ဆင်ရေးနှင့်အတူ မိမိတို့အဖွဲ့အစည်းတို့အား ထောက်ခံအားပေးကြသော အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံးကိုလည်း လေးနက်စွာ ဂုဏ်ပြုကျေးဇူးတင်အပ်ပါသည်။ မိမိတို့အဖွဲ့အစည်း (၃) ဖွဲ့အနေဖြင့် မိမိတို့၏ စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်များ နှင့် အဖိနှိပ်ခံမြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ပေါ်လာစေရေးအတွက် တစ်သွေးတည်း၊ တစ်သားတည်း အတူရှိနေကြောင်းကိုလည်း ဤကျေးဇူးတင်လွှာနှင့်အတူ ထပ်မံအသိပေးအပ်ပါသည်။





ညီနောင်မဟာမိတ် (၃) ဖွဲ့

Topics: “ကျေးဇူးတင်လွှာ”
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းတပ်မတော် ထုတ်ပြန်ချက်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်