560

သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ(၂)စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာအပြင်းအထန်ရ

သတင်း / နိုင်ငံရေး
24 September 2024

သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ(၂)စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာအပြင်းအထန်ရ

သီပေါ၊ စက်တင်ဘာလ၊ (၂၄)ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ(၂)စီးဖြင့် ​ပြည်သူများကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ပြည်သူ(၄)ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

ယမန်နေ့ စက်တင်ဘာ(၂၃)ရက်နေ့ နေ့လည်(၃း၀၀)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ(၂)စီးဖြင့် ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲသို့​ဗုံးကြဲတိုက်ခိုက်မှုကြောင့် နားလွယ်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး မောင်ကြည်တာ အသက်(၁၈)နှစ်၊ မောင်ဂူသာ အသက်(၂၁)နှစ်၊ ဒေါ်မာလေး အသက်(၅၀)နှစ်နှင့် ဒေါ်အေနွန် အသက်(၇၇)နှစ်တို့ မြေးအဖွား (၄)ဦးလုံး ပွဲချင်းပြိီး သေဆုံးခဲ့ရသည်။





ထို့အပြင် အသက်(၂)နှစ်အရွယ် ကလေးငယ်(၁)ဦးအပါဝင် အမျိုးသား(၃)ဥိီး၏ ဦးခေါင်း၊ ခြေထောက်၊ ပေါင်နှင့် လက်မောင်းတို့တွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။





နားလွယ်ကျေးရွာရှိ နေအိမ်(၁၀)လုံး ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရပြီး မပေါက်ကွဲသေးသည့် ဗုံး(၁)လုံးလည်း ကျန်ရှိနေသေးသည်။

အလားတူ ယမန်နေ့ည(၈း၃၀)အချိန်တွင်လည်း စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံး အလုံး(၂၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူလူထုများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာ(၂)စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာအပြင်းအထန်ရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်