406

ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး တိုက်ပွဲတွင် စကစ၏ လက်နက်ခဲယမ်း (၇၀)ကျော်နှင့် သိမ်းဆည်းရမိပြီး စစ်သုံ့ပန်း (၂၀) ဦး ဖမ်းဆီးရမိ

သတင်း / နိုင်ငံရေး
29 July 2024

ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး တိုက်ပွဲတွင် စကစ၏ လက်နက်ခဲယမ်း (၇၀)ကျော်နှင့် သိမ်းဆည်းရမိပြီး စစ်သုံ့ပန်း (၂၀) ဦး ဖမ်းဆီးရမိ


တအာင်းပြည် ၊ ဇူလိုင်(၂၉)ရက်

တအာင်းပြည်စစ်ရေးသတင်း


တအာင်းပြည် တပ်မဟာ (၂)နယ်မြေ ကျောက်မဲမြို့တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းစွာ ထန်ဖြစ်ပွားပြီး စကစတပ်၏ တပ်မ (၁၁)၊ ခမရ (၅၀၁) တပ်စခန်းတို့၌ စစ် ကောင်စီ၏ လက်နက် (၃၇)လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ 





စစ်ကောင်စီထံမှ သိမ်းဆည်းရမိထားသည့် လက်နက်များသည် MA1 (၉)လက်၊ MA2 (၂)လက်၊ MA3 (၁၅)လက်၊ MA11 (၆)လက်၊ M22 (၁)လက်၊ RPG (၁)လက်၊ ၄၅ မမ (၁)လက်၊ ၆၀မမ (၁)လက်၊ Pistol (၁)လက်အပြင် စကားပြောစက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။





ထို့အပြင် တပ်မဟာ (၂)နယ်မြေ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများအား တအာင်းတပ်မတော် TNLA မှ လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း (၂၀)ဦး ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်း (၂၃) လက် သိမ်းဆည်းရမိခဲ့သည်။ 





ထို့နောက် တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့တွင် လက်ကျန်စစ်ကောင်စီတပ်စခန်းများအား တအာင်းတပ်မတော် TNLA မှ လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်၏ လုံခြုံရေးကုန်းမှ သေနတ်(၈)လက်၊ RPG (၁)လက်၊ ငါးကျည်းမြှီး (၁)လက်၊ ၆၀မမ ပြောင်းတို (၁)လက်၊ ၆၀မမ ပြောင်းရှည် (၁)လက်၊ ၈၁ မမ နောက်ပွင့် (၁)လက် စုစုပေါင်း (၁၃)လက် သိမ်းဆည်းရမိထားသည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး တိုက်ပွဲတွင် စကစ၏ လက်နက်ခဲယမ်း (၇၀)ကျော်နှင့် သိမ်းဆည်းရမိပြီး စစ်သုံ့ပန်း (၂၀) ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်