405

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၅)ရက်မြောက် တအာင်းပြည် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်စသည့်မြို့နယ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

သတင်း / နိုင်ငံရေး
29 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၅)ရက်မြောက် တအာင်းပြည် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်စသည့်မြို့နယ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

တအာင်းပြည်၊ ဇူလိုင်လ (၂၉)
တအာင်းပြည် စစ်ရေးသတင်း

တအာင်းပြည် တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် ခမရ (၃၄၈)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ပွားရာ၌ စစ်ကောင်စီတပ်၏ အဝေးကင်းစခန်းတစ်ခုကို တအာင်းတပ်မတော် TNLA မှ သိမ်းပိုက်နိုင်ခဲ့သည်။






မိုးမိတ်ဗျူဟာကုန်းအား ယနေ့ည (၅း၃၀)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA သည် စစ်ဆင်ရေး ဆက်လက်ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) ခလရ (၃၄၈) တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။



တအာင်းပြည်တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ခမရ(၅၀၂)တပ်စခန်းကနေ မန်အောင်ဘုန်းတော်ကြီးကျောင်းဘက်သို့ ယနေ့ နေ့လည် (၁၁း၀၀)နာရီကနေ (၁၂း၀၀)နာရီအထိ ဟောင်ဝိဇာလက်နက်ကြီး အလုံး(၃၀) ပစ်ခတ်တိုက်ခိုက်ခဲ့သည်။







ထို့အပြင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁)လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂)ရှိ လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်းကုန်းအား တအာင်းတပ်မတော် TNLA က တိုက်ပွဲဆင်နွှဲကာ ယနေ့ ညနေ (၅း၃၀) နာရီအချိန်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်၏ လက်ကျန်စခန်းများလိုက်လံရှင်းလင်းရာတွင် စစ်ကောင်စီတပ်၏ သေနတ် (၁၁) လက် သိမ်းဆည်းရမိထားသည်။



အလားတူ တပ်မဟာ (၂) နယ်မြေ နောင်ချိုမြို့နယ် ရေဖြူဘုန်းကြီးကျောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သည် ရေဖြူဘုန်းကြီးကျောင်းမှ တအာင်းတပ်မတော် TNLA တည်ရှိရာဘက်သို့ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နောင်ချိုမြို့သည် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၃၅)ရက်မြောက် တအာင်းပြည် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်စသည့်မြို့နယ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်