404

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)၊ (၃၄)ရက်မြောက်နေ့တွင် ကျောက်မဲမြို့နှင့် မိုးမိတ်မြို့၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး၊ မိုးကုတ်မြို့နယ်တွင် နယ်မြေဆက်လက်ရှင်းလင်းရာ စစ်ကောင်စီတပ်၏ လက်နက်အချို့ သိမ်းဆည်းရပြီး စစ်သုံ့ပန်း (၂)ဦး ဖမ်းဆီးရမိ

သတင်း / နိုင်ငံရေး
28 July 2024

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)၊ (၃၄)ရက်မြောက်နေ့တွင် ကျောက်မဲမြို့နှင့် မိုးမိတ်မြို့၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး၊ မိုးကုတ်မြို့နယ်တွင် နယ်မြေဆက်လက်ရှင်းလင်းရာ စစ်ကောင်စီတပ်၏ လက်နက်အချို့ သိမ်းဆည်းရပြီး စစ်သုံ့ပန်း (၂)ဦး ဖမ်းဆီးရမိ 


တအာင်းပြည်၊ ဇူလိုင် (၂၈)

တအာင်းပြည် စစ်ရေးသတင်း


တအာင်းပြည်၊ တပ်မဟာ(၃) နယ်မြေ၊ မိုးမိတ်မြို့ ဗျူဟာကုန်း၌ ယနေ့မနက် (၇း၃၀) နာရီအချိန်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) လက်အောက်ခံ ခလရ (၃၄၈)တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီထံ လက်နက် (၄) လက် သိမ်းဆည်း ရမိသည်။


အလားတူ ယနေ့ ည(၅း၂၀) နာရီအချိန်တွင် မိုးမိတ်မြို့ စကခ (၂၁)လက်အောက်ခံ ခလရ (၂၇၆)တပ်ရင်းတို့နှင့် လည်းကောင်း၊ ညနေ (၅း၂၀)နာရီအချိန်တွင် ညောင်ပင်ဆောက်စခန်းရှိ စကခ(၂၁)လက်အောက်ခံ ခလရ(၂၂၃)တို့နှင့်လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။


ထို့အပြင် တပ်မဟာ (၂)နယ်မြေ မိုးကုတ်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် တိုက်ပွဲဖြစ်ပွားပြီး ညနေ (၅း၀၀)နာရီအချိန်တွင် စစ်ကောင်စီတပ်၏ သေနတ် (၄) လက်၊ လက်ပစ်ဗုံး၊ RPG နှင့် ငါးကျင်းမြှီးစသည့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည့်အပြင် စစ်သုံးပန်း (၂) ဦး ဖမ်းဆီးရမိထားသည်။


တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁) လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂)တပ်ရင်းတို့နှင့် လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်း စသည့် နေရာများ၌ ယနေ့ မနက် (၇း၄၅)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)၊ (၃၄)ရက်မြောက်နေ့တွင် ကျောက်မဲမြို့နှင့် မိုးမိတ်မြို့၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး၊ မိုးကုတ်မြို့နယ်တွင် နယ်မြေဆက်လက်ရှင်းလင်းရာ စစ်ကောင်စီတပ်၏ လက်နက်အချို့ သိမ်းဆည်းရပြီး စစ်သုံ့ပန်း (၂)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်