388

၁၀၂၇ - စစ်ဆင်ရေးအပိုင်း(၂) (၂၉)ရက်မြောက် ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီ လက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး ရန်သူအလောင်း(၅၀)ကျော်နှင့် စစ်သုံ့ပန်းများဖမ်းဆီးရမိ

သတင်း / နိုင်ငံရေး
23 July 2024

၁၀၂၇ - စစ်ဆင်ရေးအပိုင်း(၂) (၂၉)ရက်မြောက် ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီ လက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး ရန်သူအလောင်း(၅၀)ကျော်နှင့် စစ်သုံ့ပန်းများဖမ်းဆီးရမိ

တအာင်းပြည်၊ ဇူလိုင် (၂၃)
တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAနှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိပြီး ရန်သူ့အလောင်း (၅၄)လောင်းနှင့် စစ်သုံ့ပန်း (၄၀)ဦးပါ ဖမ်းဆီးရမိထားသည်။





ဇူလိုင်လ (၂၀)ရက်မှ (၂၂)နေ့အတွင်း တအာင်းတပ်မတော် TNLA ၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်မ (၁၁) လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ တို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ရှိသည့် နမ့်ဆီလင်းဘုန်းကြီးကျောင်း၊ အေးရှားဝေါတိုးဂိတ်အား တိုက်ခိုက် သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏လက်နက် MA1(၂၆)လက်၊ MA3(၁၆)လက်၊ MA4(၄)လက်၊ MA11(၁၂)လက်၊ MA2(၁၀)လက် ငကျည်းမီး (၁)လက်၊ 45MM (၂)လက် 120MM (၁)လက် နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅) လက် သိမ်းဆည်းရမိပြီး ရန်သူ့အလောင်းနှင့် စစ်သုံ့ပန်းတို့ပါ ဖမ်းဆီးရမိခဲ့သည်။





တပ်မဟာ (၂) နယ်မြေ မိုးကုတ်မြို့ နယ်ရှိ ရတနာကြေးမုံကျောင်းနှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်အား တအာင်းတပ်မတော် TNLA ၊ PDF(ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် မိုးကုတ်မြို့ (အရှေ့ပိုင်း) ရဲစခန်းတွင်လည်း တအာင်းတပ်မတော် TNLA နှင့် PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ(၇၁/၈၈) တို့ ဒီကနေ့ နေ့လည် (၁၂း၁၅)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဇူလိုင်လ (၂၃)ရက်နေ့ (၄း၃၀)နာရီအချိန် မိုးကုတ်မြို့ ချမ်းသာကြီးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထံမှ သေနတ် (၁)လက်၊ စစ်သုံ့ပန်း (၁၉)ဦး ဖမ်းဆီးရမိခဲ့သည်။ အလားတူ မစိုးရိမ်ကျောင်းတိုက်တွင်လည်း စစ်ကောင်စီထံမှ သေနတ်(၁၆)လက်၊ RPG (၁)လက်၊ ၆၀မမ(၁)လက်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ရုပ်အလောင်း (၁၆)လောင်း သိမ်းဆည်းရမိထားသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ - စစ်ဆင်ရေးအပိုင်း(၂) (၂၉)ရက်မြောက် ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီ လက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး ရန်သူအလောင်း(၅၀)ကျော်နှင့် စစ်သုံ့ပန်းများဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်