366

Breaking News / PSLF/TNLA မှ တစ်ဖက်သတ် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်

သတင်း / နိုင်ငံရေး
15 July 2024

Breaking News 

ဇူလိုင်လ ၁၅ ရက်


PSLF/TNLA မှ တစ်ဖက်သတ် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း ယနေ့ည(၉း၁၅)အချိန်တွင် နောင်ချိုမြို့နယ် ဘန့်ဘွေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သဲခေါ်ရွာအနီးရှိ PSLF/TNLA တပ်စခန်းအား ဒရုန်းဖြင့် တစ်ဖက်သတ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။


အလားတူ ရေ၀င်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ နောင်ချို သဲခေါ်ရွာအနီးရှိ PSLF/TNLA တပ်စခန်းအား ယနေ့ ည (၁၀း၁၉)နာရီချိန်တွင် လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထို့အပြင် မိုးကုတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် မိုးကုတ်ဗျူဟာကုန်းမှတဆင့် ရေအေးရပ်ကွက်နှင့် ပန်းမရွာသို့ ယနေ့ည (၈း၅၀)တွင် ၂ ကြိမ်၊ (၈း၅၂)တွင် ၂ကြိမ်၊ (၈း၅၆)တွင် ၂ကြိမ် လက်နက်ကြီးဖြင့် စုစုပေါင်း(၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုနေရာရှိ အရပ်သား (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: Breaking News / PSLF/TNLA မှ တစ်ဖက်သတ် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်