355

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၇) ရက်မြောက် နောက်ဆုံးရ စစ်ရေးတိုက်ပွဲသတင်းများ၊ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများသို ပစ်ခတ်တိုက်ခိုက်

သတင်း / နိုင်ငံရေး
11 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၇) ရက်မြောက် နောက်ဆုံးရ စစ်ရေးတိုက်ပွဲသတင်းများ၊ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများသို ပစ်ခတ်တိုက်ခိုက်


 

တအာင်းပြည်၊ ဇူလိုင်(၁၁)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် ဂုတ်တွင်းအနီးတဝိုက်တွင် ယနေ့ ညနေ (၄း၀၀)နာရီအချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာသို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

 

ယမန်နေ့ ဂုတ်ထိပ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မဟာ (၆)စစ်ဒေသ၊ လားရှိး၊ တန့်ယန်းမြို့နယ် နားဆောင်ရွာအနီးတဝိုတ်တွင် တအာင်းတပ်မတော် TNLA မှ  စစ်ကောင်စီတပ် မန်ကတ်စခန်းကို တိုက်ခိုက်ခဲ့သည်။

 

ထို့ပြင် ကျောက်မဲမြို့နယ် ဟူးကွတ်ရွာသို့ စစ်ကောင်စီ (၅၀၁) တပ်စခန်းမှ အတွဲလိုက်ဒုံးဖြင့် (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

#PSLFTNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၇) ရက်မြောက် နောက်ဆုံးရ စစ်ရေးတိုက်ပွဲသတင်းများ၊ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများသို ပစ်ခတ်တိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်