353

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၆) ရက်မြောက် နောင်ချိုမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့

သတင်း / နိုင်ငံရေး
10 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၆) ရက်မြောက် နောင်ချိုမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့

 

တအာင်းပြည်၊ ဇူလိုင်(၁၀)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိသော စစ်ကောင်စီလက်ကျန်တပ်စခန်း ဒုံးတရ (၆၀၆)ကို  ယနေ့ မွန်လဲပိုင်း (၃း၀၀)နာရီအချိန်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

 






အလားတူ နောင်ချိုမြို့နယ် သဲခေါ်ရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မဟာ (၆)စစ်ဒေသ၊ လားရှိး၊ တန့်ယန်းမြို့နယ် နားဆောင်ရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA မှ  စစ်ကောင်စီတပ် မန်ကတ်စခန်းနှင့် မန်ပတ်စခန်းတို့ကို တိုက်ခိုက်ခဲ့သည်။

 





ထို့ပြင် တပ်မဟာ(၃)စစ်ဒေသ မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားအနီးတဝိုက်တွင် စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA, PLA, MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားလျက်ရှိသော မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ်ဖြင့် လက်နက်ခဲယမ်းများ (၆)ကြိမ် ပစ်ချခဲ့ပြီး၊ Y12 ဖြင့် ဗုံး (၁၆)လုံး မိုးမိတ်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နောင်ချိုမြို့အတွင်းသို့  စစ်ကောင်စီတပ်မှ Y12 ဖြင့် (၂)ကြိမ်  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

 

#PSLFTNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

 

 

 

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၆) ရက်မြောက် နောင်ချိုမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်