349

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၄) ရက်မြောက် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၃)ခု တိုက်ခိုက်သိမ်းပိုက်ရရှိပြီး၊ နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

သတင်း / နိုင်ငံရေး
08 July 2024

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၄) ရက်မြောက် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၃)ခု တိုက်ခိုက်သိမ်းပိုက်ရရှိပြီး၊

နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

 

တအာင်းပြည်၊ ဇူလိုင်(၈)ရက်

တအာင်းပြည်စစ်ရေးသတင်း

 

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် ယနေ့ နံနက် (၄း၄၄)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ ဒုံးတပ် (၆၀၆)တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

 

ယမန်နေ့ ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်မတော် TNLA မှ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိသော စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်းနှင့် လယ်ကြီးစခန်းတို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

 

သီပေါမြို့နယ် သီပေါတံတားအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် (၁၀◌း၂၀)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အလားတူ မိုးကုတ်မြို့နယ် မိုင်တိုင် (၅) နှင့် အိုက်ဆောင်တောင်အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် လပခ၊ ခလရ (၈၈၊ ၁၄၈) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာ (၅)မိုင်တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ Jet Fighter ဖြင့် (၁)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ယနေ့ ဇူလိုင် ၈ ရက်နေ့တွင် ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ (၅၀၁)စခန်းမှ လက်နက်ကြီးဖြင့် ငြိမ်းချမ်းရေးကုန်းသို့ (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် မိုးမိတ်မြို့အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ရွှေဇာလီရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

 နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် (၈) ကြိမ်နှင့် Jet Fighter ဖြင့် နောင်ချိုမြို့အတွင်း စာသင်ကျောင်းသို့ (၁)ကြိမ်  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

 

Topics: ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၄) ရက်မြောက် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၃)ခု တိုက်ခိုက်သိမ်းပိုက်ရရှိပြီး၊ နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်