632

တအာင်းတပ်မတော်TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကျင်းပပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
13 November 2024

တအာင်းတပ်မတာ်TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကျင်းပပြုလုပ်


နိုဝင်ဘာလ၊ ၁၃ ရက်

တအာင်းပြည်သတင်း


တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းပြည် ထိန်းချုပ်နယ်မြေတစ်နေရာတွင် နိုဝင်ဘာလ (၉)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။





အမျိုးသား အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းမှ 1027 စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့နယ် (၁၂)မြို့ကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန် မိမိတို့ တစ်ဦးချင်းမှာ တာဝန်ရှိကြောင်း၊ မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လိုအပ်ကြောင်း သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။




ထို့နောက် သင်တန်းဌာနမှူး ဗိုလ်မှူး တားပဲခူးမှ စစ်သားတစ်ဦး ထားရှိသင့်သည့် ရဲဘော်ရဲဘက်စိတ် မွေးမြူထားရှိရန်၊ မိမိလူမျိုး၊ မိမိရဲဘော်အချင်းချင်း မှန်ကန်သည့် စိတ်ထားကောင်း ထားရှိရန်၊ မိမိအထက်လူကြီးများ၏ အမိန့်နာခံမှုရှိရန် ၊ မိမိကြောင့် ပြဿနာမဖြစ်ပွားအောင် မိမိကိုယ်ကို ထိန်းသိမ်းရန်၊  တပ်သားတစ်ဦးတွင် ဖြတ်ထိုးဉာဏ်နှင့် သွက်လက်ဖြတ်လတ်မှု ရှိရမည်ဟု မှာကြားခဲ့သည်။





အဆိုပါ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးကာ သင်တန်းကာလ(၃)လကျော်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း ဦးရေ (၁၀၀၀)ကျော် တက်ရောက်ပြီးမြောက်ခဲ့သည်။


ထို့အပြင် အမျိုးသမီး စစ်သင်တန်းအပတ်စဥ်(၆၆) (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။


အမျိုးသမီး စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ (၂၀၀) ဦးရေ ဝန်းကျင်ရှိပြီး သင်တန်းဆင်းသည့် အမျိုးသမီးစစ်မေများကို PSLF/TNLA၏ အဓိက ဌာနဆိုင်ရာဖြစ်သည့် အုပ်ချုပ်ရေးဌာန တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နှင့် စစ်ဦးစီးချုပ်ရုံးသို့ အသီးသီးတာဝန်ခွဲပေးအပ်ခဲ့သည်။


အမျိုးသား အထူးတိုက်ခိုက်ရေးနှင့် အမျိုးသမီး အခြေခံစစ်သင်တန်းကာလအတွင်း သေနတ်ပစ်ထူးချွန်သူ၊သေနတ်တပ်ဆင်ဖြုတ် ထူးချွန်သူအား ဆုချီးမြှင့်ပြီး  စစ်ဆင်ရေး နှင့် စစ်ရေးပြကာလအတွင်း အထူးတိုက်ခိုက်ရေး ထူးချွန်သည့် သင်တန်းသား/သူများကို ဆုပေးအပ်ချီးမြှင့်ခဲ့သည်။


ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ မေလတွင် တအာင်းအမျိုးသားလွှတ်မြောက်ရေး တပ်မတော်(TNLA)၏ အခြေခံ စစ်သင်တန်းအပတ်စဥ်(၆၅)ကို သင်တန်းသူ/သား ဦးရေ (၁၀၀၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းတပ်မတော်TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကျင်းပပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်