627

PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် အလုပ်လျှောက်လွှာခေါ်ယူခြင်း

ဒေသတွင်းသတင်း / ဒေသတွင်း
12 November 2024

PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် အလုပ်လျှောက်လွှာခေါ်ယူခြင်း


PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနတွင် သတင်း၊ သတင်းရုပ်သံ၊ ရေဒီယိုနှင့် စာစောင် စသည့် မီဒီယာပလက်ဖောင်း (၄)ခုတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်နေပါသည်။ အဆိုပါ လုပ်ငန်းဌာနများအလိုက် လိုအပ်လျှက်ရှိသော ဝန်ထမ်းများအား လျှောက်လွှာခေါ်ယူခြင်းဖြစ်သည်။


လျှောက်လိုသူများအနေဖြင့် PSLF/TNLA ၏ ကိုယ်ပိုင်နံပါတ်ရှိသည့် မည်သည့် ရဲဘော်၊ ရဲမေ၊ အရာရှိ အရာခံများမဆို မိမိကြိုက်နှစ်သက်သည့် ကဏ္ဍတစ်ခုခုတွင် ရွေးချယ်လျှောက်ထားနိုင်ပါသည်။


အွန်လိုင်းလွယ်ကူစွာ အသုံးပြုနိုင်သည့် နေရာဒေသများအတွက် တအာင်းနှင့် မြန်မာဘာသာဖြင့် Google Form ဖြင့် လျှောက်နိုင်ရန် ပြုလုပ်ပေးထားပြီး အင်တာနက်လိုင်းအခက်ခဲရှိသည့် ဒေသများအတွက် Form အား Print ထုတ်၍ လျှောက်ထားနိုင်ရန်အတွက်လည်း ပြုလုပ်ပေးထားသည်။


လျှောက်လွှာအား နိုဝင်ဘာ (၂၅)နေ့အထိ နောက်ဆုံးထားလျှောက်ထားနိုင်ပြီး နို၀င်ဘာလကုန်တွင် လူတွေ့ မေးမြန်းခြင်း၊ ဖုန်းဖြင့်မေးမြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ စီစစ်ရွေးချယ်သွားမည်ဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

#အလုပ်ခေါ်ယူခြင်းလျှောက်လွှာ


Google form 👇👇👇


တအာင်းဘာသာ

https://docs.google.com/forms/d/e/1FAIpQLSdtOzO3VEnNNMtjqKc4xlhBDwV6A1LqeJi0F0hQosVbmONUgA/viewform?usp=sf_link


မြန်မာဘာသာ

https://docs.google.com/forms/d/e/1FAIpQLSf2At2uAuC3Zru0oGOODfoX3jb4B2F74yvLVFM_pgLBxd0sDQ/viewform?usp=sf_link


မှတ်ချက် - ပထမအကြိမ်လျှောက်ထားပြီးသားသူများ ထပ်လျှောက်ရန်မလိုအပ်တော့ပါ။

Topics: PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် အလုပ်လျှောက်လွှာခေါ်ယူခြင်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်