PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မူးယစ်ဆေးဝါသုံးစွဲသူ (၃၂၀)ဦးအား အကျင့်စာရိတ္တပြုပြင်ပေး
ကျောက်မဲ၊ နို၀င်ဘာလ ၁၀ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့နယ်ရှိ PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန)မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၃၂၀)ဦးအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ်ပြီး ပြုပြင်ပေးခဲ့သည်။
ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်ထိန်းချုပ်စဥ်က ၎င်းတို့၏ခွင့်ပြုချက်ဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲသူအများအပြားရှိခဲ့သည်။ ထို့နောက် ကျောက်မဲမြို့အပါအဝင် တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် သိမ်းပိုက်အုပ်ချုပ်ခဲ့သည့် နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူများအား လိုက်လံဖမ်းဆီးခဲ့ကာ (၃၂၀)ဦးအထိ ဖမ်းဆီးနိုင်ခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးသုံးစွဲသူများအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းတွင်ပို့ဆောင်ကာ ၎င်းတို့အား ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးခဲ့သည်။ မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့သည်။
၎င်းတို့အား လိုက်လံဖမ်းဆီးအရေးယူပြီးနောက်ပိုင်း ကျောက်မဲမြို့အပါအဝင် PSLF/TNLA အုပ်ချုပ်သည့်နယ်မြေများတွင် အေးချမ်းသာယာပြီး မူးယစ်ဆေးဝါးကင်းစင်နယ်မြေအဖြစ် မိဘပြည်သူများကလည်း အေးချမ်းစွာနေထိုင်ကြသည်။
PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့ လုံခြုံရေးဟူသည့် လုပ်ငန်းစဥ်(၅)ရပ်ဖြင့် ဆောင်ရွက်နေသည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ