562

ကျောက်မဲမြို့တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားပြီး စိတ်ဝေဒနာသည်အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
26 September 2024

ကျောက်မဲမြို့တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားပြီး စိတ်ဝေဒနာသည်အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရရှိ


ကျောက်မဲ၊ စက်တင်ဘာလ (၂၆)ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ ကျောက်မဲမြို့ အမှတ်(၇)ရပ်ကွက်၊ နယ်မြေ(၄)တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး စိတ်ဝေဒနာခံစားနေရသည့်  အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့သည်။





ဖြစ်စဉ်တွင် ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် (၂း၃၀)အချိန်တွင် စိတ်ရောဂါဝေဒနာခံစားနေရသည့် အသက် (၄၅)နှစ်အရွယ် ဦးမျိုးဇော်ဆိုသူသည် နေအိမ်အတွင်းရှိ စက္ကူများစုပုံပြီး မီးရှို့ရာမှတဆင့် အနီးရှိပစ္စည်းများကို ကူးစက်လောင်ကျွမ်းသွားခဲ့ပြီး နေအိမ်တခုလုံး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


မီးလောင်မှုဖြစ်ပွားစဥ် အခြားနေအိမ်များ မီးကူးစက်လောင်ကျွမ်းမှုမရှိစေရန် ကျောက်မဲမြို့ရှိ PSLF/TNLA မီးသတ်တပ်ဖွဲ့မှ အချိန်မှီသွားရောက်မီးငြှိမ်းသတ်ပေးခဲ့သည်။ မီးလောင်မှုဖြစ်ပွားနေစဥ် ​၎င်းနေအိမ်အတွင်း ပိတ်မိနေသည့် ဦးမျိုး​ဇော်၏ ခန္ဓာကိုယ်တခုလုံး လောင်ကျွမ်းသွားခဲ့သည်။





ထိုကဲ့သို့မီးလောင်မှုကြောင့် ဆိုင်ကယ်(၃)စီးနှင့် နေအိမ်တစ်လုံးအတွင်းရှိ အသုံးအဆောင်ပစ္စည်းများ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း(၁၅၀)ကျော် ဆုံးရှုံးခဲ့ရသည်။ 


မီးလောင်မှုနှင့်ပတ်သက်ပြီး စီစစ်နေဆဲဖြစ်ပြီး ဒဏ်ရာရရှိသည့် ဦးမျိုးဇော်ကို သီပေါဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသခံမှုခံယူလျှက်ရှိသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေဌာန

Topics: ကျောက်မဲမြို့တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားပြီး စိတ်ဝေဒနာသည်အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်