552

ယနေ့ နံနက် စစ်ကောင်စီတပ်သည် နောင်ချိုမြို့အတွင်း Jet Fighter ဖြင့် ပေါင် (၅၀၀)ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်၊ (၃)ဦးဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
22 September 2024

ယနေ့ နံနက် စစ်ကောင်စီတပ်သည် နောင်ချိုမြို့အတွင်း Jet Fighter ဖြင့် ပေါင် (၅၀၀)ဗုံး ၄ လုံး  လာရောက်ကြဲချတိုက်ခိုက်၊ (၃)ဦးဒဏ်ရာရ

နောင်ချို၊ စက်တင်ဘာလ (၂၂)ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ်တွင် ယနေ့နံနက် (၁း၀၅)မိနစ်အချိန် စစ်ကောင်စီတပ်သည် Jet Fighter ဖြင့်  ဖျက်အားပြင်းလက်နက်အမျိုးအစားဖြစ်သည့် ပေါင်(၅၀၀)​ဗုံး လေးလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပေါင်(၅၀၀)ဗုံး လေးလုံးသည် နောင်ချိုမြို့ တဖန်ကုန်းရပ်ကွက်အတွင်း (၃)လုံးကျရောက်ပေါက်ကွဲခဲ့ပြီး တောအတွင်း တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။

ထိုကဲ့သို့ ပေါင် (၅၀၀)ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့်  တဖန်ကုန်းရပ်ကွက်ရှိ ဒေသခံပြည်သူ(၃)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၃)အိမ်  ကားနှစ်စီးနှင့် ဆိုင်ကယ်တစ်စီး ထိခိုက်ပျက်စီးခဲ့သည်။





အလားတူ ယမန်နေ့နံနက် (၇:၃၀)အချိန်တွင်လည်း စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် နောင်ချို့မြို့အတွင်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့ ညစျေးတန်းတွင် တစ်နေရာ၊ မြို့မစျေးတွင် တစ်နေရာနှင့် စျေးရပ်ကွက် နယ်မြေ(၄)တွင် တစ်နေရာ စုစုပေါင်း (၃)နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး  ပြည်သူ(၁)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နှင့် ဆိုင်ခန်းအချို့ထိခိုက်ပျက်စီးခဲ့သည်။

နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က လူအများအပြားသေကြေပျက်စီးစေနိုင်သည့် ပေါင် (၅၀၀)ဗုံးအပါအဝင် နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ(၁၅)ဦးသေဆုံးခဲ့ပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒေသခံနေအိမ် (၂၇)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် စာသင်ကျောင်း (၁)ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ယနေ့ နံနက် စစ်ကောင်စီတပ်သည် နောင်ချိုမြို့အတွင်း Jet Fighter ဖြင့် ပေါင် (၅၀၀)ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်၊ (၃)ဦးဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်