547

သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
18 September 2024

သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရ


သီပေါ၊ စက်တင်ဘာလ၊ ၁၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး မီးလောင်ပျက်စီးသွားခဲ့သည်။





ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်၊ ညနေ(၅း၃၀)အချိန်တွင် စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများတည်ရှိရာ သီပေါမြို့အတွင်းသို့ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အုတ်ကျင်းရပ်ကွက်၊ ဘုရားကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းကျောင်းဝန်းအတွင်းနေထိုင်သည့် ဒေါ်ငယ် အသက်(၆၀)နှစ်၏ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကားတစ်စီး နှင့် ကားပေါ် တင်ဆောင်ထားသည့် ကုန်ပစ္စည်းများလည်း  မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။





အလားတူ စစ်ကောင်စီတပ်က Y-12လေယာဥ်ဖြင့် ထပ်မံ လာရောက်ဗုံးကြဲမှုကြောင့် ပန်တိမ်တောင်(မြောက်)ရပ်ကွက်ရှိ ဝက်ဝံစျေးအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး စျေးရောင်းနေသည့် အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ် (၁)ဦး၏ လည်ပင်တွင် ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်။


ထို့အပြင် ည (၇း၀၀)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဗုံး(၂)လုံးနှင့် ည(၇:၃၀)ခွဲအချိန်တွင် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၆၀)နီးပါး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အများစုသည် မြို့တွင်းရှိ လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီး မီးလောင်ပျက်စီးသွားခဲ့သည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်