541

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲ

ဒေသတွင်းသတင်း / ဒေသတွင်း
16 September 2024

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲ


နောင်ချို၊ စက်တင်ဘာ (၁၅)ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ PSLF/TNLA ထိန်းချုပ်ထားသည့် နောက်ချိုမြို့ တောင်ရပ်ကွက်နှင့် ရွှေမုဠောဘုရားတွင်  စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲ တိုက်ခိုက်ခတ်ခဲ့သည်။




စက်တင်ဘာလ ၁၄ ရက်နေ့ ပြည်သူလူထုများအိပ်မောကျနေချိန် ည(၁၂း၀၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဖျက်အားပြင်းလက်နက်ကြီးဖြစ်သည့် ပေါင် (၅၀၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၅)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။





ထို့အပြင် ယမန်နေ့တွင်လည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့သည်။


စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ PSLF/TNLA ထိန်းချုပ်ထားသည့် နောက်ချိုမြို့ တောင်ရပ်ကွက်နှင့် ရွှေမုဠောဘုရားတွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲ တိုက်ခိုက်ခတ်ခဲ့သည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်