540

ယနေ့ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်၊ ​ဒေသခံတစ်ဦးသေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
16 September 2024

ယနေ့ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်၊ ​ဒေသခံတစ်ဦးသေဆုံး

သီပေါ၊ စက်တင်ဘာလ (၁၆)ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ်တွင်  စစ်ကောင်စီတပ်မှ Y-12လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်နေပါသည်။




စစ်ကောင်စီတပ်သည် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်(၉း၀၀)မှ (၁၀း၀၀)နာရီအထိ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ပြီး သီပေါမြို့ အနောက်ရပ် ရပ်ကွက်နှင့် စင်မာလာပြည်သူ့ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။





ရပ်ကွက်အတွင်း ဗုံးများကျရောက်ပေါက်ကွဲမှုကြောင့် ထိုရပ်ကွက်ရှိ လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသခံတစ်ဦး ဗုံးစမှန်သေဆုံးခဲ့ရပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ(၁၅)ရက် ည(၉:၁၆)အချိန်တွင် စစ်ကောင်စီ တပ်စွဲထားသည့် တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သီပေါမြို့ ဇတ်စုရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့သည်။




စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ယနေ့ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်၊ ​ဒေသခံတစ်ဦးသေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်