531

PSLF/TNLA အုပ်ချုပ်သည့် နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းသုံးပြီး ဗုံး(၁၃)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
13 September 2024

PSLF/TNLA အုပ်ချုပ်သည့် နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းသုံးပြီး ဗုံး(၁၃)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်


နောင်ချို၊ စက်တင်ဘာလ (၁၃)ရက်

တအာင်ပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းအသုံးပြုပြီး ဗုံး(၁၃) လုံး လာရောက်ပတ်ခတ်တိုက်ခိုက်ခဲ့သည်။





ယနေ့ စက်တင်ဘာလ (၁၃)ရက် နေ့လည်(၁၂း၃၀)နာရီအချိန်မှ (၁း၃၀)နာရီအချိန်ထိ လေကြောင်းမှတစ်ဆင့် ထပ်ခါထပ်ခါ လာရောက်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝန်းအတွင်းနှင့် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့သည်။ 




ပြီးခဲ့သည့် စက်တင်ဘာလ (၆)ရက်နေ့တွင်လည်း နမ့်ခမ်းမြို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင့်အသုံးပြုပြီး ပေါင် (၅၀၀)ဗုံးဖြင့် လာရောက်ကြဲချမှုကြောင့် အရပ်သား(၁၁)ဦး သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။


စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀)ဖြင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA အုပ်ချုပ်သည့် နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းသုံးပြီး ဗုံး(၁၃)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်