522

နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံး ၂ လုံး လာရောက်ပစ်ခတ်တိုက်ခိုက်၊ ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်အပါအဝင် မြို့ခံ ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
06 September 2024

နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံး ၂ လုံး လာရောက်ပစ်ခတ်တိုက်ခိုက်၊ ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်အပါအဝင် မြို့ခံ ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

နမ့်ခမ်း၊ စက်တင်ဘာလ ၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၁)စစ်ဒေသ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားများဦးတည်ကာ လူအများအပြားသေကြေပျက်စီးစေနိုင်သည့် ဖျက်အားပြင်းလက်နက်ဖြစ်သည့် ပေါင်(၅၀၀)ဗုံး ၂ လုံး အသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့ စက်တင်ဘာလ (၆)ရက်၊ နံနက်(၁း၃၅)မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်။






ထိုကဲသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင် အမျိုးသား(၅) ဦးနှင့် အမျိုးသမီး(၄) စုစုပေါင်း(၁၁)ဦး သေဆုံးသွားခဲ့ပြီး ကလေးငယ် (၂)ဦး အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နေအိမ် (၆)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။ သေဆုံးသွားသည့် အထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးပါဝင်ပါသည်။

ထို့အပြင် စက်တင်ဘာလ (၃)ရက်နေ့တွင် မန်တုံမြို့အားလည်းကောင်း၊ စက်တင်ဘာလ (၄) ရက်နေ့တွင် သီပေါမြို့အားလည်းကောင်း လာရောက်ဗုံးကြဲတိုက်ခိုက်မှုခဲ့ပြီး (၁)ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။





နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုဗုံးကြဲမှုသည် PSLF/TNLA အုပ်ချုပ်သည့်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀)ဖြင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံး ၂ လုံး လာရောက်ပစ်ခတ်တိုက်ခိုက်၊ ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်အပါအဝင် မြို့ခံ ၁၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်