521

သီပေါမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား(၁)ဦးသေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
05 September 2024

သီပေါမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား(၁)ဦးသေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရ


သီပေါ၊ စက်တင်ဘာလ၊ ၅ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင်  စစ်ကောင်စီတပ်မှ တစ်ဖက်သက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား(၁)ဦး သေဆုံးပြီး အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။





ယမန်နေ့ည ညပိုင်း(၉း၃၀)အချိန်တွင် နမ့်လန်တွင်အခြေချနေသည့် စစ်ကောင်စီတပ်မှ ပြည်သူများရှိရာသို့ဦးတည်ပြီး တစ်ဖက်သက် လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ကျောင်းပြိန်းရွာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းရှိ အသက်(၇၃)နှစ်အရွယ် အမျိုးသားဖြစ်သူ ဦးလုံးစိတ်ဆိုသူ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။


အသက်(၇၂)နှစ်ရှိ ၎င်း၏အမျိုသမီးဖြစ်သူ ဒေါ်နန်းရွက်လူ၏ ခြေထောက်နှစ်ဖက်နှင့် ခန္ဓာကိုယ်တို့တွင် လက်နက်ကြီးစ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။






ထို့အပြင် စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ပြည်သူရှိရာ ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် နားမခေါ်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ကွဲခဲ့ရာ အမျိုးသား(၁)ဦး သေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျောင်းပြိန်းကျေးရွာတွင်လည်း ကိုကျော်မြင့်ဆိုသူ လက်နက်ကြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


သီပေါမြို့တွင် ဩဂုတ်လ (၁)ရက်နေ့မှ ယနေ့ စက်တင်ဘာ (၅)ရက်နေ့ထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ (၂၄)ဦး သေဆုံးခဲ့ရပြီး (၆၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား(၁)ဦးသေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်