517

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း (၁)ထောင်ခန့် ဆုံးရှုံးသွား

ဒေသတွင်းသတင်း / ဒေသတွင်း
04 September 2024

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း (၁)ထောင်ခန့် ဆုံးရှုံးသွား

တအာင်းပြည်၊ စက်တင်ဘာလ ၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ မန်အောင်ခရိုင်၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက်နေ့က မီးလောင်မှုဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း (၁)ထောင်ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ပါသည်။

ဖြစ်စဥ်တွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက်တွင် ဘုရားမီးပူဇော်ထားစဥ် မေ့လျော့ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်စဥ် ၎င်းအိမ်အတွင်းတွင် အဖွားအိုတစ်ဦးသာရှိနေပြီး နံနက်(နံနက်၉း၀၀)အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ရာ (၁၀း၀၀)အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

ထိုမီးလောင်မှုဖြစ်ပွားမှုကြောင့် နေအိမ် (၂)လုံးအပါအဝင် ကား ၅ စီး၊ ဆိုင်ကယ် (၃)စီးနှင့် အိမ်တွင်းရှိပစ္စည်းများ မီးလောင်သွားခဲ့ကာ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း(၁)ထောင်ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

မီးလောင်နေသည့်နေရာကို PSLF/TNLA မီးသတ်တပ်ဖွဲ့မှ ဦးဆောင်ပြီး နောင်မော်၊ မန်ဝိန်း၊ စွမ်စော်၊ ပန်ခမ်းနှင့် တိန်လုံးကျေးရွာရှိ မီးသတ်ကားများနှင့်အတူ  ပူးပေါင်းပြီး  မီးငြိမ်းပေးခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း (၁)ထောင်ခန့် ဆုံးရှုံးသွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်