515

တအာင်းထီ၏ (၁၅)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို နမ့်ခမ်းမြို့မှ ဆွတ်ခူးရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
04 September 2024

တအာင်းထီ၏ (၁၅)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို နမ့်ခမ်းမြို့မှ ဆွတ်ခူးရရှိ

စက်တင်ဘာ ၄ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် ပညာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်နေသည့်  တအာင်းထီ၏ (၁၅) ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀) ဆုကို တအာင်းပြည် နမ့်ခမ်းမြို့တွင် နေထိုင်သည့် ရောင်နီစားသောက်ဆိုင် မိသားစုမှ ဆွတ်ခူးရရှိသွားသည်။





အဆိုပါ ဆွတ်ခူးရရှိသွားသည့် သိန်း(၅၀၀) ဆုရှင်ဖြစ်သူက ပညာရေးရန်ပုံငွေအဖြစ် တအာင်းပြည်ပညာရေးကောင်စီ - TLEC ထံ သိန်း (၂၅၀) ပြန်လည်ပေးအပ်လှူဒါန်း ခဲ့သည်။

(၁၅) ကြိမ်‌မြောက် ထီကို ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့ နံနက် (၉း၀၀)အချိန်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

(၁၅) ကြိမ်မြောက် သိန်း(၅၀၀) ၏ ဂဏန်းသည် အက္ခရာ A – 25604 ဖြစ်ကာ သိန်း (၅၀၀) ဆုအပြင် သိန်း(၁၀၀) ဆု (၁)ဆု၊ သိန်း(၅၀)ဆု (၁)ဆု၊ သိန်း(၃၀)ဆု (၂)ဆု၊ (၁၀)သိန်းဆု (၅)ဆု၊  (၅)သိန်းဆု (၁၅)ဆု နှင့် (၂)သိန်းဆု (၃၀)ဆု စုစုပေါင်း (၅၅)ဆု ဖွင့်လှစ်ခဲ့သည်။





ပြီးခဲ့သည့် ဇူလိုင်လ (၁၄) ကြိမ်မြောက်၏ သိန်း ၅၀၀ ဆုအား နမ့်ဆန်မြို့ ဇယန်းမြောက် ရပ်ကွက်(၁၁) နေထိုင်သည့် ယာဒါင်းဦးဆိုသူ ဆွတ်ခူးရရှိသွားသည်။

တအာင်းထီသည် တအာင်း‌ပြည်မှ စာသင်ကျောင်းများ  လည်ပတ်နိုင်ရေးအတွက် ပညာရေးရန်ပုံငွေ ရှာဖွေထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လတွင် စတင် ဖွင့်လှစ်ခဲ့သည်။


#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းထီ၏ (၁၅)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို နမ့်ခမ်းမြို့မှ ဆွတ်ခူးရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်