504

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
30 August 2024

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်

ကျောက်မဲ၊ သြဂုတ်လ ၃၀ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ည (၁၁)နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်မှ  ဂျက်ဖိုက်တာ​ဖြင့် ကျောက်မဲမြို့နယ်၊ ရပ်ကွက်(၁)ရှိ ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးအနီးတွင် လာရောက်ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချမှုကြောင့် ရပ်ကွက်(၁)ရှိ ဒေသအခေါ် ပင်ပေါလေးနှင့် အုတ်ကျင်းအတွင်းရှိ ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိပေ။





အလားတူ သြဂုတ်လ(၂၇)ရက်၊ ညပိုင်း(၁၁)နာရီခွဲအချိန်တွင်လည်း ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက် အမှတ်(၂)ရှိ အခြေခံပညာအထက်တန်းကျောင်းအတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ထိုရပ်ကွက်ရှိ ဒေသခံအမျိုးသား(၁)ဦး သေဆုံးခဲ့ရပြီး (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများ နေထိုင်ရာသို့ ဦးတည်ပြီး လေကြောင်းဖြင့် လိုက်လံဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ​ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိနေပြီး စစ်ရာဇဝတ်မှုအား ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်